Story 13

634 46 1
                                    

Unicode
.................

'' မစ္စ လီလီ (Lily) ခဗျ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဒေမီယမ်ပါ။ ဘော့စ်က မစ္စလီလီအတွက် သင်ကြားပြသပေးဖို့ စီစဥ်ခိုင်းထားလို့ပါ''

'' အိုး... တို့လာတာကို ထွက်မတွေ့နိုင်ရအောင် ယူတို့ ဘော့စ်က အတော်အလုပ်များနေပုံပဲနော်။ တို့လည်း ရှင်းရှင်းပြောထားပါတယ်။ တို့က သူကိုယ်တိုင်သင်ပြပေးတာပဲလိုချင်တယ်လို့လေ''

''ဟုတ်...ဟုတ်ပါတယ်... ဒီနေ့တော့ မစ္စလည်း ပင်ပန်းလာတယ်ဆိုတော့ နားနားနေနေ နေလိုက်ပါ။ နောက်နေ့ကျရင် ဘော့စ်ကိုယ်တိုင်လာတွေ့ပါ့မယ်တဲ့''

'' ကောင်းပီလေ... ဒါဆိုလည်း တို့အခန်းကို လိုက်ပို့ပေးပါဦး''

ထိုအမျိုးသမီးက အလွန်လှပတဲ့အမျိုးသမီးပင်။ သူမရဲ့အလှက ယောက်ျားသားတွေကို ဆွဲဆောင်နိုင်စွမ်းရှိလေသည်။ သူမက တစ်ကိုယ်လုံး အနက်ရောင် ကိုယ်ကျပ်ဂါဝန်အင်္ကျီကို ဝတ်ဆင်ထားပီး အပေါ်ကနေ လည်သာကုတ်တစ်ထည် ထပ်ဝတ်ထားသည်။ အောက်ဘက်မှာ stocking အရှည်နဲ့ boots ဖိနပ်ကိုလည်း ဝတ်ဆင်ထားသည်။

ပုတုန်းရောင်ဆံနွယ်တွေကို အခွေလိပ်လေးကောက်ထားပီး နီရဲရဲ နှုတ်ခမ်းလေးနဲ့ မြစိမ်းရောင် မျက်ဝန်းလေးတွေပိုင်ဆိုင်ထားလေသည်။ လည်တိုင်မှာလည်း မဟူရာကျောက်လည်ဆွဲတစ်ခုဆင်မြန်းထားလေသည်။

(အင်း.. ခြုံကြည့်မယ်ဆိုရင် လှတယ်ပေါ့နော်🤔)

ထိုသူမက bellboy ခေါ်ဆောင်ရာနောက်သို့လိုက်သွားလေသည်။ ဒေမီယမ်လည်း သူမထွက်သွားမှပဲ သက်ပြင်းချနိုင်တော့သည်။ ပီးနောက် ၁၂လွှာသို့တက်ကာ ဘော့စ်ဆီသို့လှမ်းလာရသည်။

အေရီတစ်ယောက် ထိုလူကြီးဆီမှာ တစ်နေကုန်သောင်တင်နေလေသည်မို့ ပျင်းလာရသည်။ အလုပ်ခိုင်းမည်ဆိုပီး ဘာမှမလုပ်ခိုင်းပဲ TV ထိုင်ကြည့်ခိုင်းနေလေသည်။ သူက ဒီဟိုတယ်က အလုပ်သမားပါ... လူကြီးရဲ့ ဝန်ထမ်းမဟုတ်ပါဘူးပြောလည်းမရ။

ခုနကလို သူများအနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ။ အဲ့အလုပ်ကနေ ထွက်ပီး သူ့ဆီမှာပဲလာလုပ်တဲ့လေ။ အေရီ တွေးရင်း စိတ်ကတိုလာတာကြောင့် လက်ထဲကကိုင်ထားတဲ့ ရေခွက်ကို စောင့်ချလိုက်လေသည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now