Unicode
................''တောက်ခ်... ငါထင်နေတယ်။ လူတိုင်းကသစ္စာမရှိဘူးဆိုတာ.. ...ခုတော့ကွာ...''
'' တူ...တူလေးကို ဘယ်လိုလုပ်ပေးရမှန်းတောင်မသိတော့ဘူး...ဟင့်..''
ဂျော့ရှ် ဒေါသထွက်လွန်း၍ အသားပင် တဆတ်ဆတ်တုန်နေလေသည်။ သူတို့အတွက် မင်းသားငယ်လေးက အသက်အန္တရာယ်စိုးရိမ်နေရလေပီ။
ဆန်း ကတော့ ဘေးနားကနေထိုင်ကာ ငိုကျွေးဖို့သာတတ်နိုင်တော့သည်။ အေရီဆိုတဲ့ ကောင်လေးကလည်း ပျောက်ဆုံးနေပီး အယ်လ်ကလည်း အိပ်ရာထဲတွင်လဲနေလေသည်။
ထိုနေ့မနက်က အိမ်တွင်းရှိ အလုပ်သမားလေးက အိမ်နောက်ဖေးမှာ လဲကျနေတဲ့ အယ်လ်ကိုတွေ့တာကြောင့် သူတို့နှစ်ယောက်အား အပြေးအလွှားလာခေါ်လေသည်။
အယ်လ်က အလွန်အမင်းအားနည်းနေပီး ဒါက သူတို့ကြားဖူးနေတဲ့ စွမ်းအင်ယုတ်လျော့ခြင်း လက္ခဏာပင်။ အေရီဆိုတဲ့ကောင်လေးကလည်း ထိုနေ့မှစ၍ပျောက်ဆုံးနေပီး သူတို့ထင်တာမမှားရင် ဒါက အယ်လ် ကောင်လေးအပေါ်မှာ သူ့ရဲ့ပုံစံအမှန်ကို မြင်သွားတာကြောင့် ထွက်ပြေးသွားတာဖြစ်နိုင်သည်။
ဂျော့ရှ်တွေးမိသည်က လူတိုင်းက သူ့ဇနီးလေးလို သစ္စာမရှိနိုင်ဟုပင်။ အေရီဆိုတဲ့ ကောင်လေးကို သူအကဲခတ်မိနေတာကြာပီ။ ခုတလော အနည်းငယ်ပြောင်းလဲလာသည်ကို သတိထားမိပေမဲ့ မသိသလိုတာနေနေမိသည်။ အရင်ကစတွေ့တဲ့ပုံစံနဲ့ အနည်းငယ်ပြောင်းလဲသွားသည်မို့ သိပ်ဘဝင်မကျပေမဲ့အယ်လ်ရဲ့ ယုံကြည်မှုရှိတဲ့ပုံစံကြောင့် သူယုံကြည်လိုက်မိသည်။
မည်သူကထင်မှတ်ထားမှာလဲ။ အေရီဆိုတဲ့ကောင်လေးက အယ်လ်ရဲ့ပုံစံအမှန်ကြောင့် ထွက်ပြေးသွားလိမ့်မည်ဟု။ ပုံမှန်ဆိုရင် ထွက်ပြေးယုံကဘာမှသိပ်မဖြစ်ပေမဲ့ ကြည့်ရတာ ကောင်လေးက အယ်လ်ကို နာကြည်းမုန်းတီးတဲ့စကားတွေပြောလိုက်ပုံပင်။
သူတို့ရေသူမျိုးတွေက သစ္စာအရမ်းရှိကြလို့ တစ်သက်မှာတစ်ခါသာ နက်နက်နဲနဲ ချစ်ကြသည်။ ပြောရရင်တော့ အချစ်ကြီးတဲ့သူတွေပေါ့လေ။ ကိုယ်ချစ်တဲ့သူ ပြန်မချစ်ရင် ခံစားရတဲ့ဝေဒနာက သာမာန်လူတွေထက်လည်းပိုပြင်းထန်ပီး တစ်ချို့ရေသူတွေဆို လူသားနဲ့ချစ်မိသွား၍ အသက်ပင်ပေးလိုက်ရသည်များ များစွာရှိနေသည်။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...