Unicode
................အယ်လ် ဝဲဂယက်အောက်ကြမ်းပြင်တွင် ရှိနေကာ မော်လီကတော့ ဘယ်သူမှဂရုမစိုက်ဟန် သူမသာလျှင် ဒီကမ္ဘာကြီးရဲ့ အရှင်သခင်မသဖွယ် ဖြစ်နေလေသည်။ ဧရာမခရင်းခွကြီးကိုကိုင်ဆောင်လျက် အရာရာအားလုံးကိုထိန်းချုပ်နေလေသည်။
အယ်လ် အနည်းငယ်စိုးရိမ်မိသွားသည်။ သူစေလွှတ်လိုက်တဲ့ ခရာကန်ကြီးမှာ အဆင်ပြေမှပြေပါ့မလားဟုပင်။ ပီးတော့ သူ့တပ်သားတွေလည်း ဘယ်နားရောက်ကုန်မှန်းမသိ။ တီလေးနဲ့ ဦးလေးဂျော့ရှ်အပါအဝင် တခြားသောသူများ။ ဝဲဂယက်ဖန်တီးတုန်းက သူတို့အားလုံးလွင့်သွားခဲ့ပီး တစ်ချို့သော စစ်သည်တွေဆိုလျှင် ကျောက်ဆောင်တွေနဲ့ရိုက်မိကာသေဆုံးဒဏ်ရာတွေ ရကုန်ကြသည်။
အယ်လ် သူ့ရဲ့လက်နက်သည်လည်း မော်လီလုယူသွားခဲ့ပီး ယခုဆိုလျှင် မှော်နက်အစွမ်းတွေနဲ့ လွှမ်းမိုးလို့နေပီ။ ယခုအယ်လ်ရဲ့ လက်ထဲတွင် မည်သည့်လက်နက်မျှမရှိ။ သူ့မှာပိုင်ဆိုင်ထားသည်က လည်ဆွဲတစ်ခုသာ။
အယ်လ် လည်ဆွဲကိုကိုင်ကြည့်ပီး ခေတ္တမျှတွေဝေနေသည်။ လည်ဆွဲကသာမာန်လည်ဆွဲမဟုတ် သူ့မိခင်ကိုယ်တိုင်ပေးထားသည့်လည်ဆွဲ။ထိုလည်ဆွဲအထဲမှာ မိခင်၏အမြုတေနဲ့အတူ ပုလဲငယ်တစ်ခုရှိသည်။ ထိုပုလဲကတခြားတော့မဟုတ် မော်လီရှာဖွေနေတဲ့ နတ်ရေစင်ဆိုသည်ပင်။ အယ်လ်က ထိုရေစင်ကို ရေပုလဲလုံးသဖွယ် သဏ္ဍာန် ပြောင်းကာသိမ်းဆည်းထားခြင်း။
ထိုရေစင်ကို သူထုတ်သုံးရနိုးနိုးဖြစ်နေရင်း နောက်ဆုံးသေချာတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။ အယ်လ်တစ်ယောက် မော်လီကိုကြည့်လိုက်ပီး ထိုလည်ဆွဲထဲက လင်းလက်လှသော ပုလဲငယ်ကိုထုတ်လိုက်သည်။ ဒီအချင်းအရာကိုမြင်သွားသည့်မော်လီက အယ်လ်ရဲ့လက်ထဲက ထိုပုလဲကိုလုယူရန်ကြံစည်တော့သည်။
'' မင်းမှာစွမ်းအားတိုးပွားစေမည့် အရာတွေရှိနေသေးတာပဲ။ တကယ်ပဲ တော်ဝင်မျိုးနွယ်တွေကိုလျော့တွက်လို့မရဘူးပဲ။ မင်းလက်ထဲကဟာကို ငါ့ကိုပေးစမ်း''
'' ဟက်... ဒါက ခဗျားအရမ်းကိုလိုချင်နေတဲ့ ရေစင်ပဲ။ဘယ်လိုလဲ ကျုပ်လက်ထဲကနေ လုကောလုယူနိုင်ရဲ့လား။ ခဗျားကိုယ်ကြီးက အရမ်းကြီးလွန်းလို့ ဒီသေးငယ်လှတဲ့ ရေပုလဲကိုတောင် ယူနိင်မယ်မထင်။''
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...