Unicode
................'' အိုး... ဒီမှာတွေ့ရမယ်လို့ မထင်ထားတာပဲ မင်း သား ငယ် လေး''
ထိုသူက မြူခိုးကြားထဲကနေ တဖြည်းဖြည်းချင်းထွက်လာခဲ့သည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပီး မျက်လုံးတွေကအနီရောင်ပြောင်းနေတဲ့ အမျိုးသမီးတစ်ဦး။
'' မင်းဘယ်သူလဲ... ဘာလို့ ဒီကိုရောက်နေတာလဲ''
''ဟားဟားဟား... ငါ့နာမည် မော်လီ။ ငါဘာလို့ရောက်နေလဲ မင်းသားငယ်ကပိုသိမှာပေါ့။ ငါမင်းကိုရှာဖို့ အချိန်တွေဘယ်လောက်တောင်ရင်ယလိုက်ရလဲ သိလား။ မင်းတို့ တူဝရီးနှစ်ယောက်က တယ်လဲအပုန်းကောင်းနေတာကိုး။ ကုန်းမြေမှာ ဒီလိုပင်လယ်နဲ့တူတဲ့အရာကြီး ပေါ်လာတည်းက သံသယဝင်နေတာ... ဒီနေ့တော့ မင်းရောက်လာပီပေါ့။ ''
'' လိုရင်းပြောပါ ဘာလိုချင်လို့လဲ''
'' ငါလိုချင်တာ မင်းအမေပေးခဲ့တဲ့ လည်ဆွဲပဲ။ ပီးရင်မင်းဆီက အမြုတေ။ မင်းအမေက မင်းကိုအသက်စွန့်ပီး ကာကွယ်ခဲ့ပုံထောက်ရင် မင်းဆီကအမြုတွေက ပိုစွမ်းလို့ပဲနေမှာ။ ''
''ဟက်...ခဗျားဘာလို့အဲ့လောက်တောင်လိုချင်နေရတာလဲ။ ကျုပ်တို့မိသားစုကိုလည်း ခဗျားလုပ်ချင်တာလုပ်ခဲ့ပီးပီလေ။ ဘာကိုထပ်လိုချင်နေတာလဲ။ ဒီမှာ ကျုပ်ပြောလိုက်မယ်။ ကျုပ်အသက်ရှင်နေသ၍ ခဗျား ဘာမှမရစေရဘူး''
'' ဟားဟားဟား.... ကြိုက်ပီ... ငါလည်းဒါမျိုးမှကြိုက်တာ''
ဆိုပီး သူမရဲ့လက်ထဲကနေ အမည်းရောင်စွမ်းအင်တွေပြန့်နှံ့လာပီး သူမတစ်ကိုယ်လုံးသို့ အငွေ့တွေရစ်ပတ်ဖုံးလွှမ်းသွားတော့သည်။ ထိုအငွေ့တွေပြယ်သွားတော့ သူမရဲ့ပုံစံအမှန်ကို မြင်တွေ့လိုက်ရသည်။
တစ်ကိုယ်လုံးအနက်ရောင်ဖြင့်ပြည့်နေပီး ခေါင်းတွင်လည်း ဂျိုသဏ္ဍာန်အရာတစ်ချို့နဲ့ ရေယက်ပုံစံနားရွက်တွေပြောင်းသွားတော့သည်။ မော်လီက သူမရဲ့မှော်အစွမ်းတွေကို လက်နက်ပုံစံပြောင်းလိုက်ပီး ချွန်မြတဲ့ဆူးသဖွယ်အရာတွေကို အယ်လ်ရှိရာသို့ပစ်လွှတ်လိုက်သည်။
အယ်လ် သူ့ဆီကိုဦးတည်လာတဲ့ ဆူးတွေကို ရှောင်ရှားလိုက်ပီး အနောက်သို့ပြေးသွားလိုက်သည်။ ထိုအနောက်ဘက်တွင် ပလတ်စတစ်ပုံးတွေအစီအရီ ဆင့်တင်ထားတဲ့နေရာနဲ့ စားပွဲခုတွေ ရှိသည်။ အခန်းထောင့်တွင်တော့ သန့်ရှင်းရေးလုပ်ရန် ထောင်ထားတဲ့ တံမြတ်စည်းအချို့နဲ့ ရေပုံးတွေသာရှိနေသည်။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...