Story 11

615 47 0
                                    

Unicode
................

ည ၁၂နာရီလောက်ရှိပီ။ မနက်ဖန် အတွက် check in ဝင်မည့်အခန်းများကို စစ်ဆေးရန် စီနီယာ အစ်ကိုကြီးက အေရီ့အားခေါ်ကာ အတူတူအလွှာတွေကို ခွဲစစ်ကြသည်။

အားလုံးစစ်ပီး နောက်ဆုံး ၁၂လွှာပဲကျန်တော့သည်။ အဲ့ ၁၂လွှာက အခန်းက bed sheet လည်း မခင်းရသေးဘူး ဆိုတာကြောင့် အေရီလည်း ပစ္စည်းတွေယူပီး ၁၂လွှာကို တက်ခဲ့သည်။

ညဘက်ဖြစ်တာကြောင့်ကော အခန်းတွေက အသံလုံနေတာကြောင့်ပါ အားလုံးတိတ်ဆိတ်နေလေသည်။ check in ဝင်မည့်အခန်းက ထောင့်ဆုံးကလည်း ဖြစ်တာမို့ အေရီလည်း သတိရှိရှိသွားနေရသည်။

နံရံကပ်မီးများဟာလည်း အဝါရောင်မှိန်မှိန်လေးသာ ထွန်းထားသည်မို့ တစ်ချို့မီးမကျရောက်သည့် နေရာတွေဆို ​မှောင်မဲနေလေသည်။ ထော်လီလေးကို တွန်းကာ ကျန်တဲ့ အခန်းတွေတစ်လျှောက် ဖြတ်အပီး လိုရာအခန်းနားသို့ ရောက်ခါနီးလေပီ။

သို့သော် မထင်မှတ်ထားသောအရာများဖြစ်သွားခဲ့သည်။ အေရီ သွားနေရင် လူတစ်ယောက်သူ့အား ဖြတ်တိုက်သွားသလိုမျိုး ဝုန်းခနဲဝင်တိုက်သွားလေတာကြောင့် ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားရသည်။ ထိုသူက ထော်လီကိုပါ တိုက်သွားတာကြောင့် မှောက်သွားပီး အကုန်ဝရုန်းသုံးကားဖြစ်ကုန်ရသည်။

အေရီလည်း လန့်ကာ ပစ္စည်းတွေကို ကြည့်လိုက်ပီး ထို့နောက် လျှောက်လမ်းကို ကြည့်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှရှိမနေပါ။ ထိုချိန် အေရီတစ်ယောက် ဇောချွေးတွေပြန်ကာ တံထွေးပင် အကြိမ်ကြိမ်မျိုချပီးနေပီး ကျောပင်ချမ်းစိမ့်စိမ့်ကို ခံစားလိုက်ရသည်။

ပစ္စည်းတွေအမြန်ကောက်သိမ်းနေစဥ် အနောက်ကနေ တစ်စုံတစ်ခုရဲ့ လှမ်းဆွဲခြင်းကိုခံလိုက်ရသည်။

''အား... အမေရေ... သားကိုကယ်ပါဦး။ သားမသေချင်သေးဘူး.. အီးဟီးးးး''

မျက်လုံး​ကြီးကို စွတ်မှိတ်ပီး ပါးစပ်ကပြောနေပေမဲ့ လက်ကတော့အောက်ကပစ္စည်းတွေကို မမြင်မကန်းနဲ့ ဆက်ကောက်နေလေသည်။

''ဟေ့...ကောင်လေး... ဘာတွေဖြစ်နေတာလဲ.. စိတ်ထိန်းဦးလေ''

''အီးဟီး.. သရဲကစကားပါပြောနေတယ်...အမေရေ... သားပုခုံးပေါ်မှာလည်း ဘာကြီးလဲမသိဘူး..''

Once Upon In Deep Ocean (Completed)Where stories live. Discover now