Story 3

967 67 1
                                    

Unicode
.................

အယ်လ်နဲ့ အေရီတို့ နှစ်ယောက် တဖြည်းဖြည်းရင်းနှီးလာခဲ့ကြသည်။ သူငယ်ချင်းမရှိတဲ့ အေရီလေးက အယ်လ်ကို အရမ်းခင်တွယ်သည်။ အဲ့လိုပဲ အယ်လ်ကလည်း တခြားသူတွေထက် အေရီကို ပိုပီး အရေးပေးဆက်ဆံတတ်တယ်။

သူတို့ နှစ်ယောက် ပိုရင်းနှီးလာတော့ အေရီလေးက သူ့ရဲ့ လျှို့ဝှက်နေရာလေးကို အယ်လ်အားခေါ်သွားလေသည်။ အယ်လ်ကတော့ အေရီစုဆောင်းထားတဲ့ ပစ္စည်းအဆန်းတွေကို ကြည့်ရတာ သဘောကျနေလေသည်။

အေရီက မိဘမရှိတော့ပဲ အဖိုးဖြစ်သူနဲ့နေကြောင်းသိရသည်။ ထို့အတူပဲ အယ်လ်လည်း မိဘတွေမရှိတော့ပဲ အဒေါ်ဖြစ်သူကသာ ခေါ်ပီးမွေးစားထားသည်ပင်။ ထိုဘဝတူ ကလေးနှစ်ယောက်ခင်တွယ်ပုံကို အေရီရဲ့ အဖိုးကလည်း သူငယ်ချင်းဖြစ်ဖို့ ခွင့်ပြုထားတယ်။ တစ်ခုပဲ မြို့ထဲ လုံးဝခေါ်မသွားရဖူးလို့ပြောထားသည်။

'' ပိစိ''

ခေါ်လိုက်တော့ ဒိုင်းခနဲ ပြန်ရလိုက်တာက မျက်စောင်းတစ်ခု။ အယ်လ် သဘောကျရယ်ရင်း....

'' ဟဲဟဲ.... မင်းကလည်း... စ,တာကို... ''

''ပြော...ဘာပြောမလို့လဲ''

''မင်းရဲ့ အဖိုးကလေ... မင်းကို ဘာလို့ မြို့ထဲပေးမသွားတာလဲ''

'' သေချာတော့ မသိဘူး... ဒါပေမဲ့ ငါမြို့ထဲသွားရင် လူတွေက ငါ့ကို ဒုက္ခပေးလိမ့်မယ်တဲ့... အာ့ကြောင့်ပေးမသွားတာ''

''မင်းဟာကြီးကလည်း မဟုတ်သေးပါဘူး။ ငါ့ဆို တီလေးနဲ့ မြို့ထဲခဏခဏလိုက်သွားတာပဲ... ဘာမှလည်းမဖြစ်ဘူးရယ်''

''ဟုတ်လား.... မြို့ထဲက ဘယ်လိုနေလဲဟင်...လှလား''

''အင်း..အတော်လှတယ်... အဆောက်အဦးတွေလည်း အမြင့်ကြီး၊ စျေးတန်းမှာလည်း စားစရာတွေအစုံရတယ်၊ အရသာဆို ရှိမှရှိပဲ။ ပီးတော့ ငါးပြတိုက်ကြီးကြီးတွေလည်းရှိသေးတယ်''

အယ်လ်က မြို့ရဲ့ သူမြင်ခဲ့ဖူးတဲ့ ရှိသမျှအရာတွေကို ဖောက်သည်ချလေသည်။ ဒါကို အေရီလေးကလည်း စိတ်ဝင်တစားလိုက်နားထောင်နေလေသည်။

'' ဟင်း.... ငါလည်း တစ်ခါလောက် သွား​ကြည့်ချင်လိုက်တာ''

အေရီက စိတ်မကောင်းဖြစ်ဟန် ပြောလာတော့ အယ်လ်လည်း စိတ်မကောင်းဖြစ်ရသည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now