Unicode
................တစ်ချိန်ငယ်ရွယ်စဥ် အချိန်အခါက လီယို၊ရေးနဲ့ မောလီတို့သုံးယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့သုံးယောက်ဟာ အတူသွား၊ အတူစား၊ အတူကစားနဲ့ ကြီးပြင်းခဲ့ကြတယ်။ သူတို့သုံးယောက်ဟာ ခွဲမရတဲ့ ငယ်ပေါင်းကြီးဖော်တွေပင်။
အပျိုပေါက်အရွယ်ရောက်တော့ မော်လီက သူငယ်ချင်းလီယိုအပေါ်ကို စိတ်ဝင်စားခဲ့သည်။ ဒါကို ရေးကိုဖွင့်ပြောခဲ့တယ်။ သို့သော်မည်သူ့ကို ကြိုက်နေသည်ဆိုတာကို မပြောခဲ့၍ ရေးကလည်းမသိခဲ့ပေ။ မော်လီ့မှာ Crush ရှိနေသည်ဟုသာသိခဲ့သည်။
ဘုရင်ကြီးကတစ်နေ့တော့ မော်လီတို့ Siren မျိုးနွယ်တွေကို အကြောင်းတစ်စုံတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးလွှတ်လိုက်သည်။ ထိုနယ်နှင်ဒဏ်မပေးလွှတ်ခင် သုံးရက်အလိုညက ဘုရင်ကြီးနဲ့ Siren ခေါင်းဆောင်တို့စကားပြောနေကြသည်ကို မော်လီကကြားသွားခဲ့သည်။
သူမကသူငယ်ချင်းမလေး ရေးဆီလာရင်း လမ်းမှာကြားခဲ့ခြင်း။ ကြားခဲ့ရတဲ့စကားတွေက ရေစင်နဲ့ ပတ်သတ်နေပီး သူမတို့က တရားမဝင်အကျင့်ပျက်ကာ ရေစင်ကိုလုယူရန်ကြိုးစားသည့်ကိစ္စကို စကားပြောနေကြခြင်း။ ဒါ့ကြောင့် ဘုရင်ကြီးက သူ့ငယ်သားကို ထိုSiren ခေါင်းဆောင်အား နန်းပြင်သို့ ဆွဲထုတ်သွားစေပီး နှင်လွှတ်လိုက်သည်။
မော်လီက အိမ်ပြန်ရောက်ပီးအကျိုးအကြောင်းမေးတော့ သူမရဲ့ဖခင်က မဟုတ်မှန်ကြောင်းနဲ့ ဘုရင်ကြီးကသာ တဖတ်သတ်စွပ်စွဲကြောင်းဆိုလာသည်။ သူမသည်လည်း ဖခင်စကားကိုသာယုံကြည်ခဲ့ပီး ဘုရင်ကြီးထံတောင်းပန်ရန် နန်းတော်ထဲသို့ဝင်ရောက်လာခဲ့သည်။
သို့သော် သူမကို နန်းတော်ထဲထိပေးမဝင်ပဲ အဝမှာတင်ဆွဲထုတ်စေခဲ့သည်။ ထိုချိန် လီယိုနဲ့သူ့ရဲ့ဖခင်က တစ်ချိန်ကစစ်သူကြီးပေါ့။ သူတို့နှစ်ယောက်က သူမရှေ့ကနေ ဖြတ်သွားတော့ အကူအညီလှမ်းတောင်းခဲ့မိသည်။
သို့သော် စစ်သူကြီးကသူမကိုခါးခါးသီးသီးငြင်းလွှတ်လိုက်ပီး သူမကို လီယိုနဲ့မပတ်သတ်ဖို့ရန် ပြောခဲ့သေးသည်။ လီယိုကလည်း ဖခင်စကားကို မလွန်ဆန်နိုင်ဘဲ သူမကိုမျက်ကွယ်ပြုခဲ့သည်။
CZYTASZ
Once Upon In Deep Ocean (Completed)
RomansPdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...