Unicode
................အယ်လ်တစ်ယောက် အလုပ်ပိတ်ရက်တွင် အေရီလေးကိုခေါ်ကာလည်ပတ်ဖို့ အစီအစဥ်ဆွဲနေလေသည်။ အစည်းအဝေးခန်းထဲတွင် အရှေ့တွင်တင်ပြနေတဲ့ အကြောင်းအရာကို စိတ်ဝင်စားခြင်းမရှိပဲ ပြုံးစိပြုံးစိလုပ်နေသောကြောင့် အတွင်းရေးမှူးတစ်ဖြစ်လဲ အယ်လ်၏ယုံကြည်အားကိုးရသူလေး ဒေမီယမ်တစ်ယောက် ဘေးနားတွင် ချောင်းပင်ဟန့်ရလွန်းလို့ လည်ချောင်းတောင်နာနေရပီ။
'' အဟမ်းဟမ်း..... အဟွတ်အဟွတ်... ဆက်ပြောညီလေး ''
'' ဟုတ်... ဒီတစ်ခေါက် ကျွန်တော်တို့ ဟိုတယ်ဝင်းအတွင်းဘက်မှာ သာမာန်တွေလိုမျိုးမဟုတ်ပဲ ရှော့ပင်းစင်တာပါ တွဲပီးဆောက်လုပ်ပေးရင် ပိုကောင်းတယ်လို့ထင်မြင်မိတယ်။ အပြင်ကလာရောက်သူတွေသာမက ဟိုတယ်မှာတည်းခိုတဲ့လူတွေပါ အဆင်ပြေအောင်စီမံပေးထားပါတယ်။ ''
စသည်ဖြင့် ဘလာ၊ဘလာ၊ဘလာxxxxx ... ရှင်းပြသွားပါတယ်။
(ကိုယ်တွေလည်း အဲ့လိုဆောက်လုပ်ရေးတွေ၊ စီးပွားရေးတွေမသိလို့ ကျော်မယ်နော်😝)
အယ်လ် အစည်းအဝေးတက်နေချိန် အတွင်း သူ့ရုံးခန်းသို့ အမျိုးသမီးတစ်ယောက်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးရဲ့ လှပမှုဟာ ခြေတလှမ်းကုဋေတစ်သန်းဆိုသလို ခြွေတစ်ဖက်ကြွတိုင်း အမျိုးသားထုတွေကော အမျိုးသမီးထုတွေပါမကျန် ငေးမောရလွန်းသည်။
သူမက မည်သူ့ကိုမျှဂရုမစိုက်ပဲ သူဌေးရုံးခန်းကိုသာ တန်းမတ်စွာတက်သွားလေသည်မို့ သူတို့ရဲ့ ခက်ထန်လှတဲ့ဘော့စ်ကြီး၏ သက်ဆိုင်သူဟုမှတ်ယူနေကြတော့သည်။
သူဌေးရုံးခန်းရောက်တော့ အပြင်ဘက်မှာထိုင်နေသော အမျိုးသမီးလက်ထောက်က သူမအားကြည့်လာသည်။
'' ဇန် ရှိလား''
''ရှင်.....အော်... သူဌေးကအခုအစည်းအဝေးခန်းထဲမှာရှင့်''
''အာ့ဆို တို့အထဲကနေပဲစောင့်နေလိုက်တော့မယ်။ ရတယ်မလား''
''ဟို..ကြိုချိန်ထားတာရှိလို့လားရှင့်''
''တို့က ဝီလီလျံ ဟယ်မင်တန် ရဲ့သမီးပဲ... ကြိုချိန်းဖို့မလိုအပ်ဘူးထင်တယ်နော်''
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...