Unicode
................မိုးသားတွေအုံ့ဆိုင်းရင်း သည်းထန်စွာရွာချနေတဲ့ မိုးရေတွေနဲ့အတူ အယ်လ်နဲ့ Sirenတို့ရဲ့တိုက်ပွဲကပြင်းထန်လွန်းလှသည်။ တစ်လိပ်လိပ်တက်လာတဲ့ ရေလှိုင်းတွေက ဧရာမလှိုင်းလုံးကြီးသဖွယ်အဖြစ်ပြောင်းကာ ဘေးဘယ်ညာဝေ့ရမ်းလို့နေသည်။
ထိုချိန် အယ်လ်ရှေ့တည့်တည့်ဆီဦးတည်လာတဲ့ အရိပ်နက်။ထို့အတူပင် တစ်ချို့သော အသားစားSiren တွေကလည်း ဝိုင်းရံလျက်။ အေရီကအနောက်ဘက်ခြမ်းတွင်ရှိနေပီး ရေစီးနဲ့မျောမသွားရလေအောင် အယ်လ်က သူ့အား အကာအကွယ်စည်းချထားလိုက်သည်။
ရေပူပေါင်းသဖွယ်ထိုအကာအကွယ်ကြီးက သူ့အားလုံခြုံမှုတော့ပေးစွမ်းနိုင်သည်။ သို့သော်လည်း သူစိုးရိမ်ရပါသေးသည်။ ထိုအကာအကွယ်က ခေတ္တမျှသာ လုံခြုံမှုရှိသည်မို့ အကယ်၍ တစ်ယောက်ယောက်ဖျက်သွားခဲ့လျှင် သေချာပေါက် မပျက်စီးဘူးလို့မပြောနိုင်ပေ။
အယ်လ်သူ့ရှေ့ကို မိစ္ဆာသဏ္ဍာန်နဲ့ အကောင်ကြီးတစ်ကောင်က ရေထဲကနေ ရုတ်တရက်ပေါ်ပေါက်လာကာ သူ့အားအလစ်တိုက်ခိုက်သည်မို့ အနောက်သို့အနည်းငယ်ဆုတ်လိုက်မိသည်။ ထို့နောက် သူ့အာရုံကိုအနည်းငယ်ထွေဖျားစေလိုက်တာမို့ နောက်ကျောက ကျရောက်လာမည့် စူးချွန်တို့ကိုမမြင်ပါလျက်နဲ့ ထိုးမိတော့မည်ဖြစ်သည်။
သို့သော် ထိုစူးချွန်များဟာ သူ့ဆီသို့ဦးတည်နေရာမှ လမ်းကြောင်းလွဲကာ အေရီ့ရဲ့ ရင်ဘက်နားသို့ထိုးချလိုက်တော့သည်။
''အားးးး..''
ဖောင်းခနဲပေါက်သွားတဲ့ ရေပူပေါင်းနဲ့အတူ ဆူးချွန်ပေါ်တွင် အေရီလေးခဗျာ တွဲလောင်းလေးကျနေသည်။
''အေရီ!!!!!''
ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် သူအေရီ့ဆီသို့အပြေးသွားချင်သည်။ ရှေ့ မှာပိတ်ရပ်နေကြတဲ့ အကောင်တွေကို မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ တစ်ချက်ကိုတစ်ကောင်နှုန်းနဲ့ ပိုင်းခုတ်လိုက်တော့သည်။ သူဘယ်လောက်ဒေါသထွက်နေလဲဆိုရင် နားထင်ရှိသွေးကျောတွေကလည်း ပေါက်ကွဲထွက်တော့မည့်အလားထင်မှတ်ရသည်။
ESTÁS LEYENDO
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...