Story 33

574 37 3
                                    

Unicode
................

အေရီနိုးထလာပီး နှစ်လအကြာ အယ်လ်သည်လည်း သူ့ပုံမှန်အလုပ်တွေကိုပြန်လည်လုပ်ကိုင်နေခဲ့သည်။ ယခင် မုန်တိုင်းဒဏ်ကြောင့် အနီးအနားရှိ ကမ်းခြေမြို့ငယ်တွေအားလုံးရေလွှမ်းကုန်ပီး လူအတော်များများသေဆုံးကုန်ကြသည်။

Sမြို့တော် အပါအဝင် Aမြို့လည်း မုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ ​ပြင်းထန်တဲ့ လေတိုက်နှုန်းဒဏ်ကြောင့် မြို့အစွန်နားတစ်ဝိုက် အိမ်ခြေအနည်းငယ်ပျက်စီးခဲ့ပီး တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

(စွမီယမ်မာပြည်ကြီးအတိုင်းပဲ😅)

ပြန်လည်ထူထောင်ရေးကို အစိုးရနဲ့တကွ အလှူရှင်များစွာလည်း လာရောက်လှူဒါန်းခဲ့သည်။ တစ်ချို့အိုးအိမ်ပျက်စီးသည်များလည်း ပြန်လည်တည်ဆောက်ရေးတွေလုပ်ကြသည်။ ဒါတွေက နှစ်လအကြာဒီရေကျချိန်မှသာ စတင်လုပ်ဆောင်ကြခြင်းပင်။

အယ်လ်က သမုဒ္ဒရာခုနစ်စင်းရဲ့ အရှင်သခင် ဖြစ်သွားတာကြောင့် အရာရာကို အကောင်းအတိုင်း ပြန်လုပ်ပေးနိုင်သော်လည်း လူတွေရဲ့ပါးစပ်ဖျားက ကြောက်စရာကောင်းသည်မို့ မတော်ရေသူမျိုးဆိုတာ အစစ်ရှိကြောင်းသိသွားခဲ့သည်ရှိသော် လိုက်လံဖမ်းဆီးသတ်ဖြတ်မှု ဒါမှမဟုတ် ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများဖြစ်ပေါ်နိုင်သည်မို့ ထိုနည်းလမ်းကို မရွေးခြယ်တော့ပဲ သဘာဝအတိုင်းသာထားထားလိုက်သည်။

အေရီက သူနေသည့်မြို့အကြောင်းကိုမေးသည်မို့ ထိုမကောင်းတဲ့အမှတ်တရတွေမရှိစေချင်၍ အယ်လ်ခဗျာ အေရီရဲ့မှတ်ဉာဏ်ကို မဖျောက်ချင်ပဲဖျောက်လိုက်မိသည်။ ခုဆို အေရီကလည်း ကောင်းမွန်စွာ နလန်ပြန်ထူနေပီး အယ်လ်ကလည်း သူ့အားပျော်ရွှင်အောင်ထားသည်။

ပီးတော့ အယ်လ်က အေရီ့ကိုမျက်စိအောက်ကနေလည်း အပျောက်မခံတော့ပေ။ အဆိုးအပေလေးက သူမသိအောင်အမြဲထွက်ပြေးနေသည်ကိုး။ ဒီတစ်ခါတော့ ထွက်မပြေးနိုင်အောင် အစောင့်နဲ့သေချာ ကြီးကြပ်သလို တစ်ခါတရံ သူအားရင်အားသလိုလည်း အေရီ့အနားမှာ နေလေ့ရှိသည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now