Unicode
.................''နတ်ရေစင် ဘယ်မှာလဲ ပြော''
''ငါမသိဘူး.... ''
''ဟက်... လာမလိမ်နဲ့။ နင်တို့တော်ဝင်မျိုးနွယ်တွေပဲ ဘယ်နေရာမှာထားလဲသိမှာမဟုတ်လား... မှန်မှန်ပြော ဘယ်မှာလဲ''
''ငါတကယ်မသိဘူး မော်လီ... လီယိုလည်းသိမှာမဟုတ်ဘူး။ ငါကိုယ်တိုင်ကလည်း မြင်ဖူးတာမဟုတ်ဘူး။ အဖေကလည်း သူဘယ်နားမှာထားခဲ့လဲ ပြောမပြသွားဘူး။ အဲ့ရေစင်က နင်သိတဲ့အတိုင်းပဲ သူမြင်ခွင့်ပေးတဲ့သူကပဲ မြင်ရတာလေ။ ငါ့တစ်သက်မှာ တစ်ခါမှမမြင်ဖူးခဲ့လို့ အဲ့အရာကဘယ်မှာရှိမှန်းမပြောပြနိုင်တာ စိတ်မကောင်းပါဘူး''
''ဟက်...လိမ်နေတာ... ငါ့ကို နင်ဘယ်ချိန်ထိလှည့်စားနေဦးမှာလဲ''
ဘုရင်မလည်း သူဘာပြောပြောမယုံတဲ့ မော်လီကြောင့် ပြောစရာစကားပင်မရှိတော့ချေ။
''ဟင်း... ငါတကယ်မသိလို့ပါမော်လီ...''
''ကောင်းပီလေ... အဲ့အရာကို မသိမှတော့ နင်က ငါ့အတွက်အသုံးမဝင်တော့ဘူး... မနက်ဖန်အတွက်အားမွေးထားပေါ့... ဟက်''
မော်လီလည်း ထိုနေရာကနေ လှည့်ထွက်သွားပီး နန်ဆောင်ခန်းမကြီးရဲ့ ပုလ္လင်ပေါ်မှာထိုင်လိုက်လေသည်။ ပီးတော့ သူမရဲ့တပည့်လေးကို စီစဥ်စရာကိစ္စတွေကို စီစဥ်ခိုင်းလိုက်လေသည်။
>>>>
နောက်နေ့မနက် အချုပ်ခန်းထဲက ဘုရင်မကြီး ရေး ကိုခေါ်ထုတ်ခိုင်းကာ အတ္တလန္တိတ်နန်းတော်ရှေ့ တစ်နေရာမှာ ချခိုင်းထားလိုက်သည်။ Siren တွေလက်အောက်ကျရောက်သွားတဲ့ merfolkတွေကလည်း သူတို့ရဲ့အရှင်သခင်မကို လာရောက်တွေ့ကြသည်။
merfolk တွေလည်း ဘုရင်မကြီးကိုတွေ့ပေမဲ့ ဘုရင်ကိုမတွေ့တာကြောင့် အံ့သြနေကြသည်။ ခဏကြာတော့ Siren ရဲ့ခေါင်းဆောင်ရေသူမက ပြည်သူတွေရှေ့မှောက်ကိုထွက်လာခဲ့သည်။ သူမဘေးနားမှာလည်း ဘုရင်ကြီးရဲ့ လက်ကိုချိတ်တွဲရင်းပေါ့။
ပြည်သူတွေလည်း ထိုအချင်းအရာကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပီး ထိတ်လန့်ကုန်ကြသည်။ ဘုရင်မကြီးကလည်း ဘုရင်ကြီးရဲ့ အပြုအမူကြောင့် အံ့သြခဲ့ရသည်။ ဘုရင်ကြီးက မော်လီ့ကို ချစ်ခင်ယုယတဲ့အမူအရာတွေနဲ့ ဆက်ဆံနေခဲ့သည်လေ။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...