Story 19

500 36 0
                                    

Unicode
................

''ဘာ.... ဒါဆို မော်လီ... မော်လီက ဒီရောက်နေတဲ့သဘောလား''

''ဟုတ်တယ်... တီလေး။ သူပြန်လာခဲ့မယ်လည်း ပြောသွားသေးတယ်''

''ဒါဆို တီလေးတို့လည်း အမြန်လှုပ်ရှားမှပဲ။ တီလေးမိတ်ဆွေကမှာလိုက်တယ်။ အဲ့ဟာက သူတို့နေထိုင်တဲ့ဒေသမှာ သိမ်းထားတာဖြစ်နိုင်တယ်တဲ့။ အဓိကကသော့ပဲလိုတာ... သားငယ် အေရီ့ကိုလည်ဆွဲကိစ္စမေးကြည့်ပေးပါလား။ သားငယ် သူ့ကိုပေးလိုက်တယ်ဆို''

'' အဲ့ကိစ္စဆိုရင် ကျွန်တော်ကြည့်စီစဥ်လိုက်ပါ့မယ်။ မော်လီကလည်း ဒီကို ရက်သတ္တပတ်လောက်တော့ မလာနိုင်သေးပါဘူး။ ပီးတော့ အေရီလေးကလည်း ကျွန်တော်နဲ့ အရမ်းကြီးမရင်းနှီးသေးဘူး။ အချိန်တစ်ခုတော့ စောင့်ပေးပါနော်...တီလေး။

ကျွန်တော် အမှန်တိုင်းပြောရရင် သူ့ကိုဝန်ခံချင်တယ်။ ကျွန်တော့်ဘဝကို ပြောပြချင်တယ်။ ဘာမှမဖုံးကွယ်ထားချင်ဘူး။''

'' အာ... မင်းအဲ့လိုသွားပြောလိုက်လို့ သူလက်မခံရင်ဘယ်လိုလုပ်မှာလဲ။ အကုန်လုံး မင်းပဲနစ်နာမှာနော်...ငါ့တူ သေချာတော့စဥ်းစားဖို့လိုမယ်''

''အဲ့ဒါကြောင့်မို့ အချိန်အတိုင်းအတာ တစ်ခုထိစောင့်ခိုင်းရတာပေါ့။ သူသာကျွန်တော့်ကိုတစ်ကယ်ချစ်ရင် အန်ကယ်ဂျော့ရှ်ပြောသလို ဖြစ်လာမှာမဟုတ်ဘူး။''

အယ်လ်၊ ဆန်းနဲ့ ဂျော့ရှ်တို့ သုံးယောက် စာကြည့်ခန်းထဲတွင် ထိုင်ကာ တိုင်ပင်ဆွေးနွေးနေကြခြင်းပင်။

''ဒါဆို ကျွန်တော့်ကို နှစ်လ... မဟုတ်ဘူး တစ်လပဲအချိန်ပေး။ သူလက်ခံလာနိုင်အောင် ကြိုးစားကြည့်ချင်တယ်''

'' ဟူး... တားမရရင်လည်း ကြိုးစားကြည့်ပေါ့။ ဒါပေမဲ့ အလွန်အကြူးဖြစ်မဲ့ကိစ္စတော့ မလုပ်ဖို့ပဲ တီလေးတောင်းဆိုတယ်။ ပီးတော့ လည်ဆွဲလည်းမမေ့ပါနဲ့။ သေချာဂရုစိုက်ပါ သားငယ်... ပီးတော့ အရာရာကို မျက်စိမှိတ်ပီးမယုံပါနဲ့။ နေရာတိုင်းက ရန်သူတွေပေါတယ်''

''ဟုတ်ကဲ့ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်။ ပီးတော့တီလေး နဲ့ အန်ကယ်ဂျော့ရှ်....  ''

Once Upon In Deep Ocean (Completed)Where stories live. Discover now