Unicode
................နောက်တစ်နေ့တွင် အယ်လ်က သူ့ရဲ့ရေအောက်တိုင်းပြည်သို့ပြန်သွားကာ အရိုက်အရာ ဆက်ခံဖို့အတွက် ကြိုတင်သွားရသည်။ ရေသူမင်းသားလေးက လူသားတစ်ဦးနှင့် ရေစက်ပါခဲ့သော်လည်း ကျန်တဲ့ Merfolk တွေက တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ မျက်နှာကိုထောက်ထားပီး မည်သူမှပြစ်တင်ရှုံ့ချခြင်းမပြုကြပေ။
ထို့အပြင် အယ်လ်က အရိုက်အရာ ဆက်ခံသည့်နေ့တွင် အေရီကိုလည်း အတူရှိစေချင်၍ ရေပူပေါင်းထဲတွင်ထည့်ကာခေါ်ဆောင်လာခဲ့သည်။ ရေပူပေါင်းက ရေစင်အစွမ်းကြောင့် ခိုင်မာတောင့်တင်းနေပီး ယခင်တုန်းကလို အလွယ်တကူပေါက်မထွက်နိုင်ချေ။
အေရီကတော့ ရေအောက်ကမ္ဘာက လှပတဲ့ အပြင်အဆင်တွေကို မျက်မြင်တွေ့လိုက်ရသဖြင့် အံ့သြပီးရင် အံ့သြနေလေသည်။ အေရီက ရေအောက်နန်းတော်ကို ပထမဦးဆုံးရောက်ဖူးသည့် လူသားလေးပင်။
ရွှေရောင်တဝင်းဝင်းဖြင့် ခန်းနားလှသည့် နန်းဆောင်တွေ၊ ရောင်စုံငါးအမြှီးလေးတွေဖြင့် လှပနေတဲ့ Merfolk လေးတွေ၊ အပူပိုင်းရောင်စုံငါးလေးတွေနဲ့ တခြားရေနေသတ္တဝါလေးတွေ.. အိုး.... အစုံအလင်ကို ရှိကြသည်။
''အယ်လ်... အယ်လ်... ဟိုးဘက်မှာ ဘာရှိလဲဟင်... ကျွန်တော့်ကို ခေါ်သွားပါလားဟင်''
လက်ကလေးဖြင့် ထိုးကာ ရှေ့ကတံခါးပေါက်ကို ပြသည်။ အယ်လ်က တစ်ချက်ပြုံးလိုက်ကာ ပူပေါင်းလေးကို တွန်းကာ တံခါးပေါက်ထဲသို့ဝင်လိုက်သည်။ အထဲမှာ လျှောက်လမ်းကျယ်ကြီးတစ်ခုရှိပီး ထိုလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်တွင် အခန်းတွေတည်ရှိနေသည်။
အယ်လ်က သူ့အခန်းတွင်းသို့ခေါ်သွားပီး အိပ်ရာပေါ်သို့တင်ပေးလိုက်သည်။ အယ်လ်ရဲ့ရေအောက် အိပ်ခန်းက အလွန်ပင် လှပလွန်းလှသည်။ မျက်နှာကျက်နံရံတွင် အပြာရောင် Crystal ကျောက်လေးတွေ နေရာယူနေပီး ကျောက်ခုတင် ဘေးနားတွင်လည်း ပုလဲလုံးလေးတွေဖြင့် အစီအရီအလှဆင်ထားသေးသည်။
ကျောက်ခုတင်ဆိုပီး ကြမ်းတမ်းမနေပဲ ရေမှော်ပင်တွေကို ရက်ကာလုပ်ထားတဲ့ အခင်းလေးရှိနေသည်မို့ နူးညံ့အိစက်နေလေသည်။ အေရီ့ကို ကုတင်ပေါ်ချပေးလိုက်သည်နှင့် ရေပူပေါင်းလေးက အိကျသွားပီး အေရီလည်း ခုတင်ပေါ်တွင် ထိုင်ပီးသားဖြစ်သွားသည်။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...