Unicode
.................မနက်ပိုင်းချိန်တွင် နေရောင်တို့သည် အခန်းတစ်ခု၏အတွင်းခန်းထဲသို့ ဖျာကျနေလေသည်။ ထိုအခန်းတွင်းရှိ နူးညံ့အိစက်တဲ့ မွေ့ယာကြီးတစ်ခုပေါ်တွင် လူတစ်ယောက်သည် လှုပ်လီလှုပ်လဲ့ဖြင့် စောင်ပုံကြီးထဲမှ နိုးထလာခဲ့သည်။
'' အင်း... ''
ထိုသူလေးက ကုတင်ပေါ်မှထထိုင်ပီး ပါးစပ်မှလည်း ပွစိပွစိနဲ့ဘာတွေဝါးနေမှန်းမသိ။ အိပ်မှုန့်စုတ်ဖွားလေးနဲ့ ဖွာလန်ကျဲနေတဲ့ဆံပင်တွေကလည်း ထိုးထိုးထောင်ထောင်။ ထပ်အိပ်ချင်နေပုံရသည့် ထိုသူလေးက မျက်လုံးတော့မဖွင့်လာပဲ အိပ်ရာထက်သို့ ပြန်လည်လဲကျသွားသည်။
အယ်လ် အောက်ထပ်တွင် မနက်စာပြင်ဆင်ပီး အပေါ်ထပ်သို့ပြန်တက်လာတော့ ခုထိအိပ်ရာပေါ်မှမထသေးတဲ့ ကောင်လေး။ ထို့ကြောင့် သူလည်း အိပ်ရာပေါ်သို့သွားကာ ကောင်လေးအားနှိုးလိုက်သည်။
'' အေရီ..... အေရီလေးရေ... ထတော့လေ... မနက်ရောက်နေပီ။ ကြာကြာအိပ်ရင်ခေါင်းကိုက်လိမ့်မယ်''
''အင်း.... ၅မိနစ်''
ဟု ပြောကာ လက်၅ ချောင်းထောင်ပြပီး ဟိုးဘက်ကိုလှည့်အိပ်သွားသည်။
''ဟက်... ခုချိန်မထရင် ကိုယ်မစောင့်တော့ဘူးနော်။''
'' ...... ထပီဗျာ..ထပီ ''
''ဒီလိုမှပေါ့....မွ...မြန်မြန်ဆင်းလာခဲ့နော်''
ဟု အယ်လ် ကောင်လေးရဲ့ပါးပြင်ကိုအနမ်းပေးကာ အခန်းထဲမှပြန်ထွက်သွားခဲ့သည်။ သူတို့ L မြို့တော်ကိုပြန်ရန်ပြင်နေကြခြင်းပေ။
အေရီက Aမြို့တော်မှာအခြေချနေတယ်ဆိုပေမဲ့ ဒီနေ့ တီလေးတို့ပြန်လာမည်ပြောသောကြောင့် တီလေးကို surprise တိုက်မယ်ဆိုပီး အေရီလေးနဲ့ပေးတွေ့ဖို့ပင်။ မနေ့ညကစိတ်လှုပ်ရှားနေပီး အိပ်မပျော်ပဲ မနက်၃နာရီလောက်မှအိပ်ပျော်ခဲ့တာကြောင့် အိပ်ရေးမဝဘူးဆိုတာ သိသော်လည်း ခုချိန်မှမသွားရင် မမှီမည်ဆိုးတာကြောင့်ပင်။
(Lမြို့တော်နဲ့ Aမြို့တော်က ရန်ကုန်နဲ့ နေပြည်တော်လောက်တော့ အကွာအဝေးရှိပါတယ်နော်။ နေ့ချင်းပြန်လို့ရပါတယ်။ ကားနဲ့ဆိုရင်ပေါ့)
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...