Story 15

635 37 1
                                    

Unicode
.................

အယ်လ် နောက်တစ်နေ့မှာတော့ အေရီလေးကို ခေါ်ဆောင်ကာ သူနေထိုင်ရာ Aမြို့ရှိ စံအိမ်သို့ လိုက်နေစေခဲ့သည်။ အေရီလည်း အစကငြင်းပေမဲ့ နောက်တော့ပြောပါများ နားမခံနိုင်တဲ့အဆုံး သဘောတူလိုက်ရသည်။

အေရီ စံအိမ်ကိုရောက်တော့ သူနဲ့ အက်ဇရာတို့နေခဲ့တဲ့ အိမ်လေးနဲ့ အလွန်ပင်ကွာခြားနေခဲ့သည်။ အိမ်ကြီးက အ​တော်ကိုခမ်းနားလွန်းလှပီး အသုံးအဆောင်ကအစ decoration အဆုံး အတော်ပင်စျေးကြီးလောက်သည်။

ဒါ့ကြောင့် အေရီတစ်ယောက် ထိုအိမ်ထဲ ခြေချဖို့ပင် အတော်စဥ်းစားယူရသည်။ အဘယ်ကြောင့်ဆိုသော် ကြမ်းပြင်မှာခင်းကျင်းထားတဲ့ သားမွှေးကော်ဇောကြီးကြောင့်ပင်။ သူခြေလှမ်းလှမ်းလိုက်ယုံဖြင့် ပျက်စီးသွားမည်စိုးသောကြောင့်ပင်။ ထိုသို့ပင် ပစ္စည်းတွေကလည်း မထိရက်မကိုင်ရက်ကလေးတွေမို့ အမြင်နဲ့သာ ကြည့်နေမိသည်။

အေရီကစပ်စုတတ်တဲ့ အခံရှိသော်လည်း ထိုတန်ဖိုးကြီးမည်ထင်သောအရာတွေကိုတော့ မထိရက်ခဲ့ပါ။

အင်း....ဘာပဲဖြစ်ဖြစ် ယခုဆိုအေရီထိုအိမ်ကြီးမှာနေတာ နှစ်လလောက်ပင်ရှိနေပီ။ ထိုအိမ်မှာနေစဥ်အတော်အတွင်း အိမ်ရှိလူများနှင့်လည်း အတော်ပင်ခင်မင်နေလေပီ။ အိမ်တော်ထိန်းကြီးက သဘောလည်းကောင်းသလို သူ့ကိုလည်းအရမ်းချစ်လေသည်။

ဒီလိုပဲ တစ်ခြားအလုပ်သမားတွေလည်း သူ့ရဲ့သူငယ်ချင်းတွေဖြစ်နေကြပီလေ။ အိမ်ကကျယ်ဝန်းလှသလို ခြံကလည်းကျယ်လွန်းလှသည်။ အိမ်ရဲ့အနောက်ဘက်မှာတော့ ပန်းပင်တွေစိုက်ပျိုးထားတဲ့ Green House လေးတစ်လုံးရှိသည်။

ထိုအိမ်ငယ်လေးက မှန်ဖြင့်ကာရံထားပီး အတွင်းမှာ သီးပင်စားပင်နဲ့ အခြားသော ပန်းပေါင်းစုံကို စင်ပေါ်မှာ သပ်ရပ်စွာတင်ထားပီး သေချာတယုတယနဲ့စိုက်ပျိုးထားသည်မှာ သိသာလွန်းလှသည်။ ပီးတော့ အနည်းငယ်ကျယ်ဝန်းလှတာကြောင့် လျှောက်လမ်းအဆုံးနားမှာ ရေကန်ငယ်လေးတစ်ခုပါထည့်သွင်းထားသည်။ ထိုကန်လေးထဲမှာတော့ ကြာပန်းပင်တွေကို အလှသဖွယ်စိုက်ပျိုးထားပီး ရေတွေဟာလည်း အမြဲကြည်လင်တောက်ပနေသည်။

Once Upon In Deep Ocean (Completed)Hikayelerin yaşadığı yer. Şimdi keşfedin