Unicode
.................သုံးနှစ်ပြည့်တော့ ရေသူလေးသုံးယောက်က သူ့ရဲ့အမြှီးတွေကို ထိန်းချုပ်တာ အဆင်ပြေနေပီမို့ ယခင်မြို့တွင်းရှိ အိမ်ဟောင်းလေးကိုပြန်လာနေခဲ့သည်။ ကလေးတွေကတော့ ဦးလေးဂျော့ရှ်အိမ်ကို သဘောကျဟန်ရှိသည်။
အိမ်ကြီးကကျယ်လွန်းသည့်အတွက် သူတို့လေးတွေအတွက် ကစားကွင်းသဖွယ်ဖြစ်နေသည်။ ဒီ့အပြင် ဘေးခြံက ကလေးနှစ်ယောက်နဲ့လည်း အလွန်ပင်ဓာတ်တည့်လွန်းသည်။
''ပါး... တားတို့ ဂျက်ခ်နဲ့ ဘီလီတို့ကို ဖိတ်မှာနော်''
''ဟုတ်ပါပီ.. ဖိတ်ပါအေ''
''အာ့ဆို ဒါလေးတွားပေးမယ်နော်''
''အင်းအင်း''
''ရေးးးး ''
ဆိုကာ ငါးယောက်သား ဆင်းပြေးသွားကြသည်။
''လက်တွဲသွားကြနော်... လမ်းမပေါ်အရမ်းမသွားနဲ့ဦး''
''ဟုတ်x5''
အေရီကတော့ ညနေကလေးတွေအကြိုက်မုန့်လေးနဲ့ ကိတ်တွေဖုတ်ရင်းကျန်ခဲ့တော့သည်။ ကလေးတွေက ငါးနှစ်သာပြည့်သွားတယ်... စကားလေးတွေက သိပ်တောင်မပီချင်သေးချေ။ တစ်နေ့တစ်နေ့ ပိုပိုလည်လာတဲ့ဟာလေးတွေ။
ပြဿနာတွေမတက်တဲ့နေ့လည်း မရှိချေ။ အေရီကသူတို့လေးတွေ ရှိနေတာမို့ အိမ်မှာနေရတာမပျင်းရပေ။ သူတို့လေးတွေက ချစ်မွေးပါသည်ပဲပြောရမလား.. ကလေးတွေရှိနေရင် သူတို့ရဲ့ အသံတစ်ဆာဆာလေးတွေကြားရရင်ကို ပျော်နေရတာလေ။
ပြဿနာဆိုလို့ လွန်ခဲ့တဲ့ တစ်ပတ်က ဘေးအိမ်ကညီအစ်ကိုနှစ်ယောက်ထဲက အငယ်ကောင်လေး ဘီလီကို ပါးဖောင်းဖောင်းနဲ့ အသဲယားလို့ဆိုပီး အဲလက်စ်က သွားကိုက်လေရဲ့။ ဘီလီလေးက သူတို့အမြွှာတွေထက် တစ်နှစ်ခွဲငယ်သည်လေ။
ကလေးငိုသံကြားလို့ သွားကြည့်မိတော့ ပါးဖောင်းဖောင်းလေးပေါ်မှာ နီရဲနေတဲ့သွားရာ အကွင်းလိုက်ကြီး။ အေရီမှာ သူများကလေးကိုသွားကိုက်ရသလားဟု အဲလက်စ်ကို ရိုက်လိုက်သေးသည်။ ဟိုကလေးက လမ်းတောင်ခုမှစလျှောက်တတ်သေးတဲ့အရွယ်လေးကို ငနဲလေးကသွားလုပ်သတဲ့။
BINABASA MO ANG
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...