Unicode
.................နှစ်ပတ်လောက်ကြာတော့ အင်တာဗျူးဖြေဆိုဖို့ ဖုန်းခေါ်လာတယ်။ ဒါ့ကြောင့်သူတို့နှစ်ယောက် သပ်သပ်ရပ်ရပ်ဝတ်စားပီး အင်တာဗျူးဖြေရန်သွားခဲ့ကြသည်။
အင်တာဗျူးဖြေရန် ယခင်ဖောင်ယူခဲ့တဲ့ အဆောက်အဦးမှာပဲပြုလုပ်ခြင်းပင်။ ဒါ့ကြောင့်အေရီတို့နှစ်ယောက် တတိယထပ်သို့သာ တက်လာလိုက်သည်။ တတိယထပ်ရောက်တော့ ဝန်ထမ်းအစ်မကြီး က သူတို့အား အခန်းတစ်ခုထဲလိုက်ပို့သည်။
သူတို့အခန်းထဲရောက်တော့ မြင်လိုက်ရတာက ရာနဲ့ချီတဲ့ အလုပ်လာလျှောက်သူတွေပင်။ အေရီတို့ မျက်လုံးပင်ပြူးသွားရသာသည်။ ခေါ်တာမှ ဆယ်ယောက်လောက်ပဲရှိမှာကို ရာနဲ့တောင်ချီတယ်ဆိုတော့ မအံ့သြပဲမနေနိုင်တော့ပါ။ သူတို့လည်း လွတ်တဲ့နောက်ဆုံးတန်းကခုံလေးမှာသွားထိုင်လိုက်သည်။
'' အေရီ... ငါဒီလောက်များမယ်မှန်းမထင်ခဲ့ဘူး''
''အင်း... ငါကောပဲ''
''ငါလေ... ရင်တွေတုန်လိုက်တာသိလား။ တစ်ခါမှလခစားအလုပ်မျိုးမလုပ်ဖူးဘူး။ ပီးတော့ ဒီလိုအင်တာဗျူးမျိုးလဲမဖြေဖူးဘူးကွ။ ''
''ငါလည်း တုန်တာပဲ။ ကြည့်ရတာ ရိုးရိုးHKတောင် ဘွဲ့ရမှခန့်သလားမသိဘူး။ သန့်ရှင်းရေး သင်တန်းတွေဘာတွေများ အထူးတက်ရသေးလားမသိ။ ''
''ငါလည်းမသိဘူးလေ။ သူတို့ကသန့်ရှင်းရေးဆိုတော့ ရိုးရိုးပဲထင်လိုက်တာ။ သင်တန်းတက်ရမယ်မှန်းမှမသိတာ''
'' အင်း.... ''
ထို့နောက် နှစ်ယောက်သား ပြိုင်တူသက်မ ချမိသည်။ အင်တာစဗျူးပီး တစ်ယောက်ပီးတစ်ယောက်ကုန်ဆုံးသွားခဲ့သည်။ တစ်ချို့ကတော့ အထဲကဘာမေးလိုက်လည်းမသိပါဘူး။ မျက်နှာမကောင်းစွာနဲ့ ပြန်ထွက်လာခဲ့ကြတယ်။
အေရီတို့လည်း စိုးရိမ်နေမိကြတယ်။ သူတို့ဘေးနားမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကလည်း သူတို့နည်းတူ လက်တွေတုန်နေကြတယ်။ အိမ်သာထသွားတာလည်း ခဏခဏပဲ။ အေရီတို့တောင် ထိုကောင်မလေးကိုကြည့်ရင်းမူးနောက်လာပီ။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...