Story 4

806 55 0
                                    

Unicode
.................

ဆန်း ပင်လယ်ရဲ့ လျှိုမြှောင်ကြီးဟု ခေါ်ကြတဲ့အနားထိရောက်လာခဲ့တယ်။ ထိုနေရာက တွင်းနက်ကြီးသဖွယ်ဖြစ်နေကာ အောက်ဘက်ကြမ်းပြင်မှာတော့ ဒဏ္ဍာရီလာ ရေစုန်းတွေနေတယ်ဟုပင် သတ်မှတ်ကြသည်။ ရေစုန်းတွေကတော့ တကယ်ရှိမရှိ သူမအနေနဲ့လည်းမသိပါ။

ထိုလူမျိုးစုတွေက မည်သူနဲ့မျှရောနှောမနေဘဲ သီးသန့်နေထိုင်ကြသည်ဟု သိရလေသည်။ ရေစုန်းတွေက ဟိုးယခင်တုန်းကတော့ သမုဒ္ဒရာရဲ့ တောင်ပိုင်းမှာနေကြသော်လည်း ခုချိန်မှာတော့ ပျောက်ကွယ်သွားကြသည်ဟုလည်းဆိုသည်။

Siren တွေကသူမနောက်ကနေ မျက်ခြေမပျက်လိုက်လာတာကြောင့် မသက်သာတဲ့အဆုံး ထိုလျှိုထဲသို့သာ ခုန်ဆင်းလိုက်သည်။

''ဘယ်နားရောက်သွားပီလဲ''

''ကြည့်ရတာ ဒီလျှိုထဲခုန်သွားတယ်ထင်တယ်... ဘယ်လိုလုပ်ရမလဲ''

'' ငါလည်းမသိတော့ဘူး... ဒီအောက်မှာ ရေစုန်းတွေရှိတယ်ကြားဖူးတယ်... ငါတော့မဆင်းရဲဘူးရယ်''

''ဒါဆို ဘုရင်မကြီးဆီကိုပဲပြန်လျှောက်တင်ကြမလား။''

'' အေး... အဲ့လိုပဲလုပ်ကြမလား''

ဆန်း မင်းသမီးက အောက်ဘက်ရှိ နွယ်ပင်ကြားထဲမှာခေတ္တမျှပုန်းနေပီး တစ်အောင့်အကြာ ပြန်ထွက်ဖို့လုပ်သည်။ သို့ပေမဲ့ ထိုလျှိုကနွယ်ပင်တွေဟာ အသက်ရှိလာသဖွယ်သူမရဲ့ လိမ္မော်ရောင်တောက်ပနေတဲ့ အမြှီးပေါ်ကိုရစ်ပတ်လာကာ အောက်သို့ တစ်ဖြည်းဖြည်းဆွဲချသွားတော့သည်။

သူမရုန်းလေသူကပိုနှစ်လေဖြစ်နေတာကြောင့် နောက်ဆုံးမရုန်းချင်တော့ပဲခေတ္တမျှငြိမ်နေလိုက်သည်။ အောက်သို့ရောက်လေ တခြားသားကောင်တွေလည်း ထိုနွယ်ပင်ကြားမှာ ရစ်ပတ်ပီး အသက်မရှိကြတော့တဲ့ အရိုးစုများစွာကိုတွေ့ရသည်။

ဆန်းထိတ်လန့်စွာကြည့်နေလိုက်ပီး တစ်ချိန်ထဲမှာပင် ကြောက်စိတ်တွေတဖွားဖွားဖြစ်နေရသည်။

*ဘုရားမလို့ ဒီနွယ်ကြိုးတွေကနေ အမြန်လွတ်မြှောက်ပါစေ* ဟု မျက်စိစုံမှိတ်ဆုတောင်းရင်းပေါ့။

Once Upon In Deep Ocean (Completed)Where stories live. Discover now