Story 34

533 32 0
                                    

Unicode
................

အေရီထို နှစ်ယောက်ကိုမသိမသာ ရှိုးကြည့်ရင်း ထိုဘေးနားကနေ ဖြတ်အသွား ထိုအမျိုးသမီးက နောက်ကနေ လှမ်းခေါ်လေသည်။

'' ဟိတ်..ဟိတ်... ဒီမှာ ''

'' ဗျာ... ကျွန်တော်လား''

''အေးလေ...မင်းကိုပြောတာ... ''

''ဟုတ်.. ဘာကိစ္စများ...''

''ဟိုကောင်မလေး... မင်းကငါ့ကိုကျပေးမဝင်ဘူး။ ဒီကောင်လေး ဖြတ်သွားတာကျ ဘာမှမပြောဘူးလား''

ထိုကောင်မလေးက အေရ်ီ့ကိုကြည့်ကာ ပြုံးပြလာသည်မို့ အေရီလည်း မအူမလည်နဲ့ ပြန်ပြုံးပြမိသည်။

'' မောင်လေး... ဘော့စ်ဆီလာတာလား''

''ဗျာ... ဟုတ်... ပစ္စည်းပို့ခိုင်းလိုက်လို့ လာပို့တာ... ဟီး''

'' ရတယ်...မောင်လေး..သွားသွား''

''ဟုတ်ကဲ့''

'' တောက်... ငါမေးနေတယ်လေ... သူ့ကျဘာလို့ဝင်ခိုင်းတာလဲလို့''

'' ဘာလို့လဲဆိုတော့ ဒါက ကျွန်မတို့ ဘော့စ်ရဲ့ အသည်းအသက်၊ နှလုံးသားအညှာ၊ အူကြူကြူးလေးမလို့ရှင့်... ရှင်းပီလား''

'' ဘာ!!!!!!"

ထိုအမျိုးသမီးအော်လိုက်တာ အေရီတောင် နားကန်းမတတ်ပဲ။ သူထွက်သွားမည့်ဆဲဆဲကို အမျိုးသမီးက ပြန်ရန်တွေ့နေသည်မို့ ဆက်ပဲသွားရမလို၊ ရပ်ပီးပဲ ပွဲကြည့်ရမလိုနဲ့။ ပီးတော့ ဒီကြားထဲ ကောင်တာထိုင် အစ်မကြီးကလည်း ရှက်စရာစကားတွေ လာပြောနေသည်မို့ သူ့မှာ မျက်နှာပူရပြန်သည်။

'' မောင်လေး.. သွားတော့လေ..ဘော့စ်စောင့်နေဦးမယ်''

''အော်..... ဟုတ်...ဟုတ်''

သူလှည့်တုန်းရှိသေး လီလီက သူ့အားဂုတ်ကနေ လှမ်းဆွဲသည်။

''အွတ်...''

''မသွားရဘူး... မင်းတို့မတရားတာ... ငါ့ကျပေးမဝင်ပဲ ဘာမဟုတ်တဲ့ အကောင်ကျပေးဝင်တယ်။ ငါမဝင်ရမချင်း မင်းလည်းမဝင်နဲ့''

'' ဗျာ... ''

အေရီ ခေါင်းစားနေပီ။ ဝန်ထမ်းအစ်မကြီးကလည်း ဝင်ခိုင်း၊ ထိုအမျိုးသမီးကလည်း သူ့အားဆွဲထားနှင့်။

Once Upon In Deep Ocean (Completed)Donde viven las historias. Descúbrelo ahora