Story 6

704 50 1
                                    

Unicode
.................

အေရီ လူကြီး နှစ်ယောက်ထွက်သွားမှ စိတ်သက်သာရာ ရသွားတော့သည်။ ထိုညတော့ ဇရပ်ကြီးအောက်မှာသာ အိပ်ရတော့မည်ပင်။ ကြောက်ရွံ့စိတ်နဲ့ ထိုအေးချမ်းတဲ့ညလေးမှာ ကောင်လေးတစ်ယောက် အိပ်စက်အနားယူနေမိသည်။

မြို့တွင်းမှလူများကလည်း မြို့ဝန်မင်းအိမ်၌ စုဝေးကာ အချင်းချင်းတိုင်ပင်နေကြသည်။

'' ကျုပ်အထင် အဲ့ကောင်လေးက တကယ့်စုန်းဖြစ်ဖို့များတယ်... ကျုပ်တို့ဘယ်လောက်ရှာရှာ ခုထိမှမတွေ့သေးပဲ''

''ဟုတ်တယ်... ကျွန်မလည်း အဲ့လိုပဲထင်တယ်... သူ့ကြောင့်ပဲ ကျွန်မရဲ့အိမ်နဲ့ကလေးတွေမီးထဲပါကုန်တာ''

''ကျုပ်လည်းမကျေနပ်ဘူး... ကျုပ်ရဲ့ ခြံထဲမှာမွေးထားတဲ့ နွားတွေလည်း ပါကုန်တယ်''

''ကျုပ်ဆို မရှိမဲ့ရှိမဲ့စျေးဆိုင်လေးပါသွားတယ်''

''ဟုတ်တယ်... ဒီကိစ္စကို မြို့ဝန်မင်းတို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မှာလဲ''

​မြို့ဝန်မင်းလည်း ဒီစုန်းပြဿနာကြောင့် စဥ်းစားရခက်နေသည်။ သူ့ရဲ့တပည့်တွေလည်းရှာတာပဲ နှံ့နေပီလေ...တွေ့မှမတွေ့တာ။ မြို့သူမြို့သားတွေပြောသလို ကိုယ်ယောင်ဖျောက်သွားသည်များလား။

''ခဏနေကြပါဦး... စိတ်အေးအေးထားကြပါ... ကျုပ်တို့လည်း အတတ်နိုင်ဆုံးရှာကြတာပဲ.... ကလေးကပျောက်သွားတာကိုး။ ဒီလိုလုပ်ရအောင် ခုလောလောဆယ် မြို့ထဲက အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံက ကောင်လေးကိုရှာကြမယ်။ ကျန်တဲ့လူတွေကတော့ တို့မြို့လေးကို ပြန်လည်တည်ဆောက်နေရာမှာ ကူညီကြရမယ်။ အမျိုးသမီးတွေလည်း တတ်နိုင်သလောက် လုပ်အားပေးကြပေါ့။

ခုဆို တို့မြို့လေးကလည်း တိုးတက်စပြုနေပီဆိုတော့ ခရီးသွားဧည့်သည်တွေအလာများတဲ့ အချိန်အမှီပြန်လည် တည်ဆောက်နိုင်ဖို့အရေးကြီးတယ်။ အဓိက စာသင်ကျောင်းနဲ့ ဆေးရုံတွေ သိပ်မထိသွားတာပဲ။ ပီးတော့ တို့မြို့လေးကို နှစ်စဥ်နှစ်တိုင်းထောက်ပံ့နေတဲ့ သူဌေးကြီးဆီ အကူအညီတောင်းကြည့်ပေးမယ်။

Once Upon In Deep Ocean (Completed)Tempat cerita menjadi hidup. Temukan sekarang