Story 24

477 34 0
                                    

Unicode
................

'' တီလေး... ခေါ်တယ်ဆို''

''သားငယ်ကို တိုင်ပင်စရာရှိလို့။ ခဏလောက်ထိုင်ပါဦး''

''ဟုတ်ပြောပါ တီလေး''

''တီလေးတို့ ရေအောက်ကို ပြန်သွားရတော့မယ်။ ဒီတစ်ခေါက်သွားပီးရင် ကိစ္စတွေအပီးတိုင်ဖြတ်ဖို့နဲ့ Siren တွေကို သုတ်သင်ဖို့ မင်းဦးလေးဂျော့ရှ်က ရေသားတွေကိုစုခိုင်းထားတာရှိတယ်။ ''

'' ဟုတ်... အင်အားဘယ်လောက်ရှိနေပီလဲ ''

''ဟင်း.... သိပ်တော့မများပေမဲ့ ခုခံနိုင်ဖို့ အကောင်းဆုံးတွေကို ရွေးထုတ်ပီး သေချာလေ့ကျင့်ပေးရင်တော့ ရလဒ်ကောင်းရနိုင်မယ်လို့ယုံကြည်တယ်။ အဲ့အတွက်ကြောင့် တီလေးတို့ Sမြို့ကို ပြန်ပြောင်းနေရလိမ့်မယ်''

'' ကျွန်တော်နားလည်ပီ။ ''

ဆန်း... သူမတူလေးနဲ့စကားပြောနေရင်း လည်ပင်းနားက လည်ဆွဲကို မတော်တဆ အကြည့်ရောက်မိသွားသည်။ ထို့နောက် အယ်လ်ရဲ့ လည်ပင်းကလည်ဆွဲကိုကိုင်ကြည့်ပီး...

''အယ်လ်.. မင်းဒီဟာကိုဘယ်ကနေ ရလာတာလဲ''

''ဘာဖြစ်လို့လဲတီလေး''

''ဒါ ငါတို့ရှာနေတဲ့ သော့ပဲ''

'' ဟိုးတစ်နေ့က ကျွန်တော့်ဆီကို ပါဆယ်တစ်ခုနဲ့ရောက်လာတာ။ ဘယ်သူကဘာရည်ရွယ်ချက်နဲ့ ပို့ခဲလဲတော့မသိဘူး။ ပီးတော့ သူ့မှာထူးခြားတဲ့စွမ်းအင်တွေရှိနေတယ်။ ကျွန်တော်ထိလိုက်တာ ကျွန်တော်အရင်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေပြန်ရလိုက်သလို ခံစားရတယ်''

''ကောင်းတယ်... အရမ်းကောင်းတယ်။ ဒါ ငါ့အစ်မတော်ပေးခဲ့တဲ့ လည်ဆွဲလေးပဲ။ သူ့ရဲ့အမြုတွေက လည်း ဒီထဲမှာရှိလောက်တယ်။ ဒါကိုသေချာထိန်းသိမ်းထားဖို့လိုအပ်မယ်။''

''ဟုတ်ကဲ့ ကျွန်တော် သေချာသိမ်းထားပါ့မယ်''

'' အင်း... ဒါဆို Sမြို့ကိုသွားဖို့ အမြန်ပြင်ဆင်ပါတော့ နောက်အပတ်အတွင်းသွားမယ်''

'' ဟုတ်.. ''

အယ်လ် ထိုအခန်းတွင်းမှ ထွက်လာပီး သူ့ကိုယ်ပိုင်စာကြည့်ခန်းသို့သာ ဝင်လာလိုက်သည်။ သူညစဥ်ညတိုင်းသောက်နေကြ ကော်ဖီတစ်ခွက်ကို ကိုင်ကာ ပြတင်းပေါက်နားသို့ လျှောက်လှမ်းသွားခဲ့သည်။

Once Upon In Deep Ocean (Completed)Tahanan ng mga kuwento. Tumuklas ngayon