Story 14

602 46 3
                                    

Unicode
.................

'' ဒါဆို သူက မင်းကိုသိနေတဲ့သဘောလား''

'' အင်းဟုတ်မယ်ထင်ရတာပဲ ''

'' မင်းဟာက ဘယ်လိုကြီးလဲ ''

''ဘာကိုလဲ... ဒါနဲ့ မင်းနဲ့ ဦးလေးတို့ ငါ့ကိုတွေ့ခဲ့တုန်းကလေ ငါ့ပုံစံကဘယ်လိုဖြစ်နေလဲ မှတ်မိလား''

'' အင်း.... မှတ်မိတယ်လေ။ အဲ့တုန်းက မင်းပုံစံက သူတောင်းစားနဲ့ နင်လားငါလားပဲ ''

'' မင်းဟာကြီးကလည်း မသိရင် ငါကသူတောင်းစားကျနေတာပဲ ''

''ဟုတ်တယ်လေ... ဘယ်သူကလည်း သိနိုင်မှာလဲ။ မင်းပုံစံက တစ်ကိုယ်လုံးညစ်ပတ်ပီး ဖုန်တလူးလူးနဲ့ကို။ ငါလည်းတွေ့တော့ အဖေ့ကိုပြောလိုက်တာ အဖေကမင်းကိုခေါ်လာတော့တာပဲ''

'' အော်.... ''

'' ဘာဖြစ်လို့လဲ''

''ဟင့်အင်း.. ငါသိပ်မမှတ်မိတော့လို့မေးကြည့်တာ။ အဲ့လူကြီးက သူနဲ့ငါနဲ့ အရင်ကသိခဲ့သလိုမျိုးကြီး ​ပြောနေလို့လေ။ ပီးတော့ ငါအဲ့ Sမြို့တော်ကလူတွေကို ပြန်ပီးမမှတ်မိချင်တော့ဘူး။ ''

အေရီနဲ့ အက်ဇရာတို့နှစ်ယောက် နားနေခန်းထဲမှာ စကားစမြည်တွေပြောနေကြတာပါ။

'' ဒါနဲ့ငါမေးဦးမယ်။ မင်းမနေ့ကဘာလို့ပြန်မလာတာလဲ''

''အာ... အဲ့ဒါကလေ.. အဲ့လူကြီးပေါ့။ ငါ့ကိုသူနဲ့အတူလာနေရမယ်ဆိုပီး ခေါ်ထားတာ။ အဲ့ဒါကြောင့်မို့ မင်းကိုမပြောလိုက်ရဘူး''

'' အော်.... အဲ့ဒါနဲ့ပဲ ငါ့ကိုမေ့ပီး သူ့ဘဲဘဲနဲ့ပျော်နေတယ်ပေါ့လေ။ ''

''ဘာဘဲဘဲလဲ။ ဘာမှမဘဲဘူးနော်....ဟွန့်''

'' အေးပါ... အေးပါ....ခုတော့ပြောထားပေါ့။ နောက်မှ ငါ့အချစ်ဆိုလို့ကတော့နော် အိမ်ပေါ်ကနေ ကန်ချမှာ ''

'' ကန်ချလည်း မဆင်းပေါင်''

''မဆင်းရင် ဆွဲချမယ်ကွာ ''

''ငါလည်း ပြန်ဆွဲမယ်ကွာ''

'' မင်း မညစ်နဲ့နော်''

''မညစ်ပါဘူး။ ငါကသန့်တယ်''

''မင်း...''

အေရီနဲ့ အက်ဇရာတို့နှစ်ယောက် စကားနိုင်လုကာ သတ်ပုတ်နေကြပြန်သည်။ သူတို့မသိလိုက်တာက ဘယ်သူမှ မနှင်ချရသေးခင် ဟိုကခေါ်ထုတ်သွားတော့မည်ပင်။

Once Upon In Deep Ocean (Completed)Where stories live. Discover now