Story 38

580 30 0
                                    

Unicode
................

လူးကပ်စ်ထိုင်နေရင်း လက်ထဲကယူလာတဲ့ ဌက်ပျောသီးတစ်ချို့ကို ခွာစားနေမိသည်။ ထိုသူကလည်း ထွက်သွားပီး ပြန်မလာတော့ချေ။ သူယူလာတဲ့ ဌက်ပျောသီး သုံးလုံးလောက်က ခနလေးအတွင်းမှာကုန်သွားခဲ့ပီး မုန်တိုင်းအပီး ရာသီဥတုအခြေအနေကြောင့် လူကချမ်းစိမ့်စိမ့်ပင်ဖြစ်ချင်နေပီ။

ထို့ကြောင့် အနီးနားရှိထင်းအနည်းငယ်ကိုယူကာ မီးမွှေးဖို့လုပ်ရသည်။ သူစာအုပ်ထဲတွင် ဖတ်ဖူးသည့်အရ ကျောက်ခဲနှစ်ခုကိုပွတ်တိုက်လျှင်လည်းရသလို သစ်သားပြားကိုပွတ်တိုက်လျှင်လည်းရသည်မို့ ထိုသဘာဝနည်းကိုစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရေစိုနေတဲ့ ကျောက်ခဲနှစ်ခုကိုယူလိုက်ပီး လက်ဖြင့်ပွတ်ကြည့်မိသည်။ သို့သော်မီးကပွင့်မလာပဲ လက်သာပွန်းကုန်ရသည်။ ထို့ကြောင့် လက်လျော့လိုက်ပီး သစ်သားဖြင့်စမ်းကြည့်မယ်ဆိုပြန်တော့လည်း မုန်တိုင်းပီးသွားသည့်အခြေအနေအရ သစ်သားတွေမှာလည်း အစိုဓာတ်တွေစိမ့်နေပီးဖြစ်တာမို့ အဆင်မပြေလှ။

သို့နှင့် စိတ်ပျက်စွာဖြင့် သဲသောင်ပေါ်သို့သာ လဲချလိုက်တော့သည်။ လေအေးတွေတိုက်ခတ်လွန်း၍ ချမ်းလာသည်မို့ လက်နှစ်ဖက်ကို တင်းနေအောင်ပိုက်ကာ တစ်ချက်တစ်ချက် အာငွေ့တွေလည်းပေးနေမိသည်။ ထို့နောက် အိပ်ချင်စိတ်ကလည်း ကြီးစိုးနေသည်မို့ တဖြည်းဖြည်းဖြင့် အိပ်ပျော်သွားတော့သည်။

လူးကပ်စ် တစ်ကိုယ်လုံးနုံးချိပီး နိုးထလာခဲ့သည်။ ငမဲလူက သူ့ကို ရင်ခွင်ထဲဖက်ကာအိပ်ပျော်နေလေသည်။ အနီးကပ်မြင်လိုက်ရတဲ့ မျက်နှာကြောင့် ရုန်းချင်သော်လည်း ရုန်းဖို့ရန်အင်အားမရှိ။

ဒါ့ကြောင့် လက်ဖြင့်အသာအယာသာ တွန်းလိုက်နိုင်သည်။ ထိုသူကလည်း သူတွန်းလိုက်တာကို သိပုံရပီး နှိုးလာခဲ့သည်။

''နိုးပီလား။ မင်းညကတစ်ကိုယ်လုံးပူနေလို့။ ခုကော ပူနေသေးလား''

ဟု သူ့လက်နှစ်ဖက်ဖြင့် လူးကပ်စ်ရဲ့ပါးပြင်ကြီးကို ကိုင်လိုက်လေသည်။ အနည်းငယ်ပူသေးသယောင်ရှိတာမို့ မပျောက်သေးဘူးဟုသိလိုက်သည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now