Unicode
................'' အဟွတ်...အဟွတ်''
'' အေရီ... အဆင်ပြေရဲ့လား။ ကိုယ့်ကိုကြည့်ပါဦး.... ဘာဖြစ်သွားသေးလဲ''
''အီးဟီး.... အယ်လ်... ကျွန်တော်သေတော့မယ်ထင်နေတာ... အဟင့်''
အေရီအလွန်ပင်လန့်သွားကာ အယ်လ်ကိုလှမ်းဖက်လိုက်မိသည်။ အယ်လ်ကတော့ ဂရုမစိုက်တဲ့ အေရီလေးကို စိတ်တိုတိုနဲ့သာ အော်နေမိသည်။
'' ဘာလို့ဒီမှာရေဆင်းကူးနေရတာလဲ။ ခုတော့ ရေမနှစ်ယုံတစ်မယ်ပဲမလား။ ရေသေချာမကူးတတ်ပဲနဲ့ တွေ့ရာကန်ထဲ လျှောက်ဆင်းနေရလား။ ကိုယ်ဘယ်လောက်စိတ်ပူသွားလဲ မင်းသိလား..ဟမ်''
''အဟင့်... သူများက ဝမ်းနည်းနေတာကို လာအော်နေတယ်။''
''....... ''
အယ်လ် ဘာတစ်ခွန်းမှထပ်မပြောပဲ အေရီဖက်ထားသလိုသာ ငြိမ်နေလိုက်သည်။ ထိုနေ့က တစ်ညနေလုံး အေရီနဲ့စကားလည်းမပြောပဲ နေတာခုနဲ့ဆို သုံးရက်လောက်ရှိသွားပီ။
အေရီလည်း အယ်လ်တစ်ယောက် စိတ်ဆိုးနေမှန်းသိသော်လည်း ချော့ပြောလည်းမရ။ ချွဲလည်းမရနဲ့ သူ့အားအရေးပင်မလုပ်ပဲ မနက်ရောက်ရင်လည်း ရုံးကိုသူမနိုးခင်အစောကြီးထသွားလေ့ရှိသည်။
အေရီ့ကို သူ့အနားတောင် အကပ်မခံ၊လှည့်ပင်မကြည့်တာမို့ အေရီလည်း ပို၍စိတ်မကောင်းဖြစ်ရသည်။
အယ်လ် ထိုနေ့တုန်းက အလုပ်ကနေ အိမ်ပြန်လာတော့အေရီ့ကိုမတွေ့တာနဲ့ မေးကြည့်တော့ အေရီခြံထဲဆင်းသွားတယ်ဆို၍ လိုက်ရှာကြည့်တာ မတွေ့။ ထို့ကြောင့် ခြံအနောက်ဘက်မှာရေကူးကန်တစ်ခုရှိတယ်။
အဲ့နေရာများ ရောက်သွားလေသလားဆိုပီး စိုးရိမ်စိတ်များသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုရေကူးကန်က သာမာန်ထက်အနည်းငယ်နက်နက်လေးဆောက်ထားတာကြောင့် အေရီနဲ့ဆိုရင် ရေအောက်ခြေကိုအရပ်မမှီလောက်ပေ။
ရေသူတွေအတွက်သီးသန့်ဆောက်ထားတာကြောင့် ရေကူးကန်ဆိုသည်ထက် ရေကန်ငယ်ဆိုသည်မှာပိုမှန်လိမ့်မည်။ သူရောက်သွားတော့ အေရီကရေထဲမှာ မြုပ်နေပီး အသက်ပင်မရှူလောက်တော့ဘူးထင်ပီး စိုးရိမ်တကြီး ရေထဲသို့ခုန်ဆင်းသွားမိသည်။
KAMU SEDANG MEMBACA
Once Upon In Deep Ocean (Completed)
RomansaPdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...