Unicode
................အေရီတို့ သုံးယောက် သစ်ပင်လေးတစ်ခုကို အမှီပြုလျက် ရေစီးသန်တဲ့ ပင်လယ်ရေတွေကို ရှောင်ရှားစေသည်။ အေရီကလည်း တအိအိနဲ့ ငိုနေသည်မို့ လူးကပ်စ်ကလည်း ချော့မြူနေသည်။ သို့သော် အငိုမတိတ်တဲ့အပြင် ပိုတိုးငိုလို့ အယ်လ်ကော လူးကပ်စ်ကော ခေါင်းကိုက်နေကြသည်။
''အေရီလေး.. မငိုပါနဲ့တော့ကွာ... တခြားသူတွေကို သေချာပေါက်ပြန်တွေ့မှာပါနော်... အေရီလေးက လိမ္မာပါတယ်''
ဟု လူးကပ်စ်က အစ်ကိုကြီးတစ်ယောက်ပီပီ အတတ်နိုင်ဆုံးချော့မြူသည်။ အယ်လ်ကလည်း အေရီ့ကို အရိပ်တကြည့်ကြည့်နဲ့နေသည်။
''အဟင့်... ဟုတ်.. ငိုတော့ဘူး။''
'' ဟုတ်တယ်... အေရီလေး မငိုနဲ့တော့...ကိုယ်သေချာပေါက် ဘေးကင်းတဲ့နေရာကို ခေါ်သွားပေးမယ်။ တခြားသူတွေလည်း ပြန်ရှာပေးမယ်လို့ ကတိပေးတယ်''
'' ဟုတ်... မစ္စတာ ကတိတည်နော်''
''အင်းအင်း... ကတိပေးတယ်''
ထိုချိန် ကျယ်လောင်လှတဲ့ မိုးချိန်းသံနဲ့အတူ လျှပ်စီးတစ်ခုက ဝုန်းခနဲ အယ်လ်ရှိရာသို့ပစ်ကျလာသည်။ လူးကပ်စ်က အေရီ့ကို ရင်ခွင်ထဲထည့်ဖက်လိုက်ပီး အယ်လ်ကတော့ မထင်မှတ်ထားပဲ မှော်အစွမ်းကို သုံးမိသွားသည်။
လူးကပ်စ်မျက်လုံးပြန်ဖွင့်ကြည့်တော့ သူ့ရှေ့ကအယ်လ်က တစ်ကိုယ်လုံးအပြာရောင်အလင်းတန်းတွေ ဝန်းရံလျက် လက်ထဲမှာလည်း ငရဲသားတွေလိုမျိုး ခရင်းခွကြီးကို ကိုင်ထားလေသည်။
'' အေရီ... အဆင်ပြေရဲ့လား''
ဟု လှည့်မေးရင်း လူးကပ်စ်နဲ့ အကြည့်ချင်းစုံသွားသည်။
''ဟင်.... မင်း... မင်းကဘာလဲ''
''ဟမ်....''
အယ်လ်သူ့ကိုယ်သူ ငုံ့ကြည့်မိတော့ ကိုယ်မှာအလင်းတွေဝန်းရံနေပီး နားရွက်ကိုစမ်းကြည့်မိတော့လည်း ရေယက်တွေဖြစ်နေလေသည်။ အဲ့တော့မှာသတိထားမိသွားပီး လူးကပ်စ်ကို အဓိပ္ပါယ်ပါပါမော့ကြည့်လိုက်သည်။
'' မင်းကဘာလဲလို့ မေးနေတယ်လေ။ မင်းကလူမဟုတ်ဘူးလား''
'' ဘာ..ဘာကိုလဲဟင်... မစ္စတာက လူမဟုတ်ရအောင် ဘာမို့လို့လဲဗျ''
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...