Story 37

579 31 2
                                    

Unicode
................

မနက်နိုးထလာတော့ အေရီတစ်ယောက် တစ်ကိုယ်လုံးနှုန်းချိနေကာ အယ်လ်ကလည်း ဘယ်အချိန်ကတည်းက ထသွားမှန်းမသိခဲ့။ အေရီ ကုန်းရုန်းထလာပီးတော့ ကုတင်ပေါ်မှာ ရှုံ့ရှုံ့လေးထိုင်နေမိသည်။

သို့သော် ခါးကနာနေသည်မို့ မျက်ရည်တွေပင် စီးကျလာမိသည်။

''အဟင့်... နာလိုက်တာ.... ဒါမှန်းသိ အယ်လ့်ကို မယူခိုင်းပါဘူး။ အီးဟီး သူကလည်း လုပ်ပီးပစ်သွားတယ်။ အေရီ့ကိုလည်း ဂရုမစိုက်ဘူး။ လူယုတ်မာ... အင့်...ဟင့်''

အေရီ ပြောလည်းပြော ခေါင်းအုံးကိုလည်း အငြိုးဖြင့် တအင့်အင့်ရိုက်သည်။ ထိုချိန် ဂျောက်ဆိုတဲ့ မြည်သံနှင့်အတူ တံခါးပွင့်လာလေသည်။

''အေရီ... ဘာဖြစ်တာလဲ။ ဘာလို့ငိုနေရတာလဲ။ လက်တွေလည်း နာကုန်တော့မှာပဲ အရမ်းမရိုက်နဲ့လေ''

''ဟင့်...လူကိုပစ်ထားတယ်။ မကောင်းတဲ့လူကြီး...သူများကို စားပီးနားမလည်လုပ်ထားတယ်''

''အင်း.. ကိုယ်မကောင်းတာနော်... ရိုက်ချင် ကိုယ့်ကိုနောက်မှရိုက်.. ခုတော့ အေရီလေး နာကုန်တော့မှာပဲ''

'' အဟင့်.. ဘယ်သွားနေတာလဲ။ ''

''အေရီလေးနိုးလာရင် စားဖို့ မနက်စာလုပ်ပေးနေတာလေ။ ခုတော့ နိုးပီဆိုတော့ မျက်နှာသစ်ရအောင်။''

'' ဟုတ်... ချီ..''

လက်ကလေးကို ဆန့်တန်းပေးလိုက်တော့ အယ်လ်ကလည်း ကောက်ပွေ့လိုက်ကာ သူ့ကို ရေချိုးခန်းအထိ သယ်သွားပေးတော့သည်။

သေချာသန့်စင်ပေးအပီးမှာတော့ သူတို့နှစ်ယောက် အောက်ထပ်သို့ဆင်းလာကာ ထမင်းစားခန်းထဲသို့ ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာ အသီးတွေ၊ ပေါင်မုန့်တွေနဲ့ ကြက်ဥပြုတ်တွေ၊ တခြားအာဟာရဖြစ်စရာ အစားအစာလေးတွေ စားသောက်ဖို့စီစဥ်ပေးထားသည်။

အယ်လ်ကတော့ ခုံပေါ်မှာ ထိုင်ပီး အေရီလေးကို သူ့ပေါင်ပေါ်သို့ထိုင်စေကာမူ အစားအစာတွေကိုလည်း တစ်ခုချင်းစီ ခွံ့ကျွေးလေသည်။

''အေရီလေး... ကြက်ဥပြုတ်လေးစားပါဦး။ အားရှိအောင်လို့''

''အင်း... စားမယ်။''

Once Upon In Deep Ocean (Completed)Where stories live. Discover now