Story 10

679 43 1
                                    

Unicode
................

မနက်ပိုင်းအာရုဏ်တက်ချိန်ဆိုထပီး ပန်းရောင်းဖို့ပြင်ဆင်နေရသော်လည်း ယခုအခါတွင် လစာကောင်းကောင်းနဲ့အလုပ်ရပီမို့ ထိုပန်းရောင်းခြင်းအလုပ်ကို လုပ်စရာမလိုတော့ပေ။

ဒါ့ကြောင့်အေရီလေးက အလုပ်သွားခါနီးမှပဲနိုးထလာခဲ့သည်။ ညကလည်း ပထမဦးဆုံးအလုပ်ဝင်မှာမို့ စိတ်လှုပ်ရှားပီး အိပ်မပျော်တာကြောင့် မနက်လင်းအာချိန်မှ ​မှေးခနဲအိပ်ပျော်သွားခြင်းပင်။

ဟုတ်တော့လည်းဟုတ်ပါတယ်လေ... လူတွေကပထမဆုံးအကြိမ်ဆို အမြဲစိတ်လှုပ်ရှားနေကြတာပဲလေ။ ( အလုပ်လုပ်တာပြောတာနော်... အမှောင်လောကသားတွေ ​လျှောက်တွေးနေမှာစိုးလို့ >w<)

ပီးတော့ ထူးဆန်းသည်က သူ​ရော၊ အက်ဇရာရော အလုပ်တူတူရခြင်းပင်။ Aမြို့တော်ရဲ့ အကြီးဆုံးသော ဟိုတယ်ကြီးမှာ HK အလုပ်ရခြင်းပါ။ HKဆိုပီး အထင်မသေးနဲ့နော်။ အနိမ့်ဆုံးအကူလစာတောင် အရင်အချိန်ပိုင်းလုပ်အားခထပ် နှစ်ဆလောက်ရသည်။

သူတို့ကြားတာတော့ ဟိုတယ်ကြီးသလို လုပ်ရတဲ့အလုပ်တွေလည်းအများကြီးတဲ့လေ။ အလုပ်ချိန်ကို နှစ်ဆိုင်းခွဲထားသေးသည်။ သူနဲ့အက်ဇရာက လူသစ်ဆိုတော့ သင်ယူရမှာလည်းအရမ်းများတာကြောင့် တစ်လလောက်ကတော့ ညဆိုင်းမဆင်းရသေးဘူးတဲ့လေ။ နောက်ပိုင်းကျမှ ကိုယ်စီအဆိုင်းခွဲပေးမှာမို့ အဲ့ချိန်ကျရင် အက်ဇရာနဲ့အလုပ်ချိန်တူချင်မှတူပေလိမ့်မည်။

အေရီ အဝတ်အစားလဲ၊ ပြင်ဆင်အပီး လွယ်အိတ်ဟောင်းလေးတစ်လုံးကောက်လွယ်ကာ အခန်းပြင်ထွက်လာလိုက်သည်။ အက်ဇရာလည်းပြင်ဆင်ပီးသူ့အားစောင့်နေခဲ့သည်။ ပီးတော့နှစ်ယောက်သား အလုပ်ဆီသို့အတူလာလိုက်သည်။

ဟိုတယ်ကြီးထဲရောက်တော့ ထုံးစံအတိုင်း ဝန်ထမ်းအဆောင်တိုက်ကြီးဆီသို့သွားရသည်။ အပေါ်ရောက်တော့ စီနီယာအစ်မကြီးတွေက လူသစ်တွေအတွက် သက်ဆိုင်ရာ ယူနီဖောင်းထုတ်ပေးတယ်။ HKဆိုတော့ ဆံပင်အမွှေးတွေမကျအောင် ခေါင်းကိုစီးဖို့ ပုဝါလေးတစ်ထည်ဆီပေးတယ်။

ယူနီဖောင်းက အသားရောင် အနုလေးကိုမှ အပေါ်ဘက်ကော်လံနားနဲ့ အိတ်ကပ်တွေကို မဟော်ဂနီရောင်တွဲဆက်ထားပီး ရင်စေ့ကြယ်သီးပုံစံရှပ်မျိုးဖြစ်သည်။ ဘောင်းဘီကတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ခပ်ပွပွပေးထားပီး အရောင်ကတော့ မဟော်ဂနီရောင်ပင်။ ရင်ဘတ်နားမှာတော့ ဝန်ထမ်းနာမည်ကဒ်ကို ချိတ်ဆွဲဖို့ပေးထားသည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now