Unicode
................လွန်ခဲ့တဲ့ သုံးနှစ်>>>
အယ်လ်တို့ မင်္ဂလာသက်တမ်းတစ်နှစ်အကြာထိ အေးဆေးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြသည်။ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့နေထိုင်ကြပီး အယ်လ်ကတော့ ရေအောက်ကိုပြန်လိုက် ရေပေါ်ပြန်လာလိုက်ဖြင့် အလုပ်များနေလေသည်။
ရေအောက်တိုင်းပြည်က Merfolkပြည်သူပြည်သားတွေရဲ့အမှုကိစ္စအဝဝကိုလည်း ဖြေရှင်းပေးရသလို ကုန်းမြေပြင်၌လည်း တည်ထောင်ထားတဲ့ ကုမ္ပဏီကိစ္စတွေအပြင် နိုင်ငံခြားတွင် အသစ်ဖွင့်လစ်ထားတဲ့ ရုံးခွဲကိစ္စတွေနဲ့ လုံးလည်ချာလည်လိုက်နေရသည်။
ဒါတောင် တစ်ချို့ကုမ္ပဏီတွေကို ဒေမီယမ်အား မင်္ဂလာလက်ဖွဲ့အဖြစ်လွှဲပေးခဲ့သေးသည်။ အယ်လ့်အနေဖြင့် ကုန်းမြေပေါ်တွင် အယုံကြည်ရဆုံးလူသားထဲတွင် ဒေမီယမ်အပါအဝင်ပင်။ ထို့ကြောင့် သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လည်း PAလေးကို လက်ဆောင်အဖြစ်ပေးအပ်လိုက်ခြင်းပင်။
အက်ဇရာနဲ့ ဒေမီယမ်တို့က Aမြို့တော်မှာပဲ အခြေချနေထိုင်ကြကာ အေရီတို့လက်ထပ်ပီး တစ်နှစ်အကြာမှာ လက်ထပ်ခဲ့သည်လေ။ လူးကပ်စ်တို့နှင့်လည်း တစ်ခါတစ်လေ အဆက်အသွယ်ရခဲ့ပီး ခုဆို သူနဲ့ရေဗန်လည်း အဆင်ပြေစွာ တွဲနေကြပီတဲ့လေ။ ရေဗန်ကချစ်တတ်လွန်းတာကြောင့် လူးကပ်စ်ခဗျာ အမြဲတမ်းအလုပ်မှာကော ကျောင်းမှာပါမကျန် မျက်နှာပူရသည်တဲ့လေ။
အင်း.. အားလုံးအဆင်ပြေနေကြတော့လည်း ဝမ်းသာစရာတွေပဲပေါ့။ အော်... ရှိသေးတယ်... မစ္စလီလီကလေ ဟိုတစ်လောကမှ သူတို့ဆီကိုလာသွားသေးတယ်။ အယ်လ်က သူမနဲ့ သဘောတူညီချက် တစ်ခုခုလုပ်ထားပုံရပီး သူမကအယ်လ်ရဲ့လျှို့ဝှက်ချက်ကို သိထားသည်တဲ့လေ။
သူမရဲ့ ရေသူတွေကိုလေ့လာမည့်ကိစ္စကို အယ်လ်ကလည်း သဘောတူခဲ့ပီး အယ်လ်တို့အိမ်မှာပဲ လေ့လာခွင့်ပေးခဲ့သည်။ အပြင်နေရာဆိုရင် လူသားတွေကမယုံရဘူးဆိုကာ အယ်လ်ကခွင့်မပြုခဲ့။
မစ္စလီလီ ပထမဆုံးအယ်လ်ရဲ့ပုံစံအစစ်ကို မြင်တွေ့တုန်းကဆို ပါးစပ်အဟောင်းသားနှင့် ပျော်နေတယ်ဆိုတာလေ မျက်နှာလေးကြည့်ရုံဖြင့်သိနိုင်သည်။ အေရီနဲ့လည်း စကားတွေပြော၊ ရင်းနှီးသွားကာ အမြဲတမ်းဝင်ထွက်သွားလာတဲ့ ဆက်ဆံရေးအဖြစ်တိုးတက်လာခဲ့သည်။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...