Unicode
................အယ်လ်ထိုအိမ်တွင်နေသည်မှာ သုံးရက်လောက်ရှိပီ။ သုံးရက်အတွင်း တီလေးတို့နဲ့လည်းအဆက်အသွယ်ပြန်ရခဲ့သည်။ သူတို့က ထူးဆန်းစွာနဲ့ ထိုလျှိုမြောင်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားသည်လို့သိခဲ့ရသည်။
အယ်လ်ကတော့ ထိုလျှိုကြီးထဲမှာ ပိတ်မိနေခဲ့ပီး သူမတို့နှစ်ယောက်ကတော့ အပြင်ဘက်တွင်ရောက်နေသည်မို့ ကြည့်ရတာ ရေစင်က သူမြင်ခွင့်ပေးချင်တဲ့သူကိုသာ မြင်အောင်လုပ်ပေးသည့်ပုံပေ။
ဒါ့ကြောင့်သူမတို့ကို မမြင်စေချင်၍ ထိုသို့ မှော်ဆန်ဆန်အရာတွေဖြစ်လာသည်ကိုး။ ခုဆို သူ့လက်ထဲမှာ ရေစင်ဗူးလည်းရှိနေပီး အထဲမှာတော့ မည်သို့သောအရာတွေရှိမှန်းတော့ မဖွင့်ကြည့်ရဖူးပေ။
တီလေးပြောပြချက်အရ Siren ဘုရင်မကလည်း သူတို့ရှိရာကို ဦးတည်လာနေသည်တဲ့လေ။ ဒါ့ကြောင့် ဒီတစ်ပတ်အတွင်းတိုက်ပွဲ အကြီးအကျယ်ဖြစ်ဖို့အလားအလာရှိသည်မှာ သေချာနေလေပီ။
အယ်လ် အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ရင်း အတွေးလွန်နေတုန်း အေရီနဲ့ လူးကပ်စ်က အိမ်ထဲကနေထွက်လာလေသည်။ အယ်လ် ထိုနှစ်ယောက်ကို မြင်ရင် သိပ်အလိုမကျပေ။ အထူးသဖြင့် ဟိုဆရာဝန်ကောင်က အေရီ့နား အလွန်ကပ်လွန်းသည်။
'' မစ္စတာခဗျ... ကျွန်တော်တို့ရွာထဲခဏသွားမလို့ အိမ်မှာပျင်းနေရင် လိုက်ချင်သေးလားဗျ''
'' ဟင်... အင်း.. လိုက်မယ်လေ''
''ဟုတ်... အာ့ဆိုသွားရအောင်...ကျွန်တော် ရွာထဲက အရီးအိမ်ကိုလည်း ဟင်းရွက်တစ်ချို့လည်းပေးဖို့ရှိလို့ဗျ''
''ကောင်းပါပီဗျာ... ဒါနဲ့ အဲ့တောင်းကို ကိုယ်သယ်ပေးမယ်လေ''
''ရတယ်... အစ်ကိုပဲသယ်ခဲ့လိုက်ပါ့မယ်။ သွားရအောင်.... အေရီလေး''
ဆိုကာ အေရီ့ရဲ့လက်ကို တွဲကိုင်ရင်း လူးကပ်စ်က အယ်လ်ရှေ့ကနေကျော်သွားသည်။ အယ်လ် အလိုမကျစွာ ဘုကြည့်ကြည့်လိုက်ပီး သူတို့နောက်ကနေ လိုက်လျှောက်သွားခဲ့သည်။
ရွာထဲရောက်တော့ အေရီနဲ့ ဟိုလူးကပ်စ်ဆိုတဲ့တစ်ယောက်က စကားတွေပြောရင်း ပျော်ရွှင်ရယ်မောစွာ သွားနေပီး အယ်လ့်ကိုတော့ ရှိမှန်းတောင်သတိရရဲ့လားပင် မပြောတတ်။
ESTÁS LEYENDO
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...