Story 25

491 34 0
                                    

Unicode
................

အယ်လ်တို့ တစ်ညတာ အိပ်စက်ပီး သူတို့အားလုံးအခန်းတစ်ခုတွင် တိုင်ပင်ဆွေးနွေးနေကြသည်။

'' ရေဗန်... ငါတို့တပ်သားတွေစုခိုင်းထားတာတွေ ဒီနေ့တွေ့ဆုံမှုလုပ်ရအောင်စီစဥ်ပေးပါ။ ပီးတော့ ငါတို့ နတ်ရေစင်ရှိတဲ့နေရာကို အမြန်သွားရအောင် အဲ့ဒါဘယ်နားမှာလဲ''

''ဟုတ်ကဲ့...ကျွန်တော်မျိုး အကုန်စီစဥ်ပေးထားပါ့မယ်။ ရေစင်ရှိမယ်လို့ ထင်ရတဲ့နေရာက ဒီမြို့တော်ကနေ အရှေ့ဘက် မိုင်နှစ်ဆယ်လောက်သွားရင် ရောက်ပါပီ''

''ကောင်းပီ ...ဒါဆို ဦးဆုံး တပ်သားတွေကို အရင်တွေ့ပါမယ်''

''ဟုတ်ကဲ့ ကျွန်တော်မျိုး အကြောင်းကြားခိုင်းလိုက်ပါ့မယ်''

ရေဗန် သူ့လူတစ်ကောင်ကို ပြောကာ တပ်သားစုထားတဲ့ကိစ္စအကြောင်းကြားခိုင်းလိုက်သည်။ ထို့နောက် အတန်ကြာတော့ တွေ့လို့ရပီဆိုတာကြောင့် သူတို့ထွက်လာခဲ့ကြသည်။

ရေစုန်းခေါင်းဆောင်ဖိုးဖိုးကြီးလည်း သူတို့နည်းတူ အတူလိုက်ခဲ့ကြသည်။ မြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တပ်စခန်းငယ်တစ်ခုချပေးထားပီး အဲ့မှာရေတပ်သားငယ် လေးဆယ်ကျော်လောက်သာ ရှိနေသည်။

သူတို့Siren တွေနဲ့နောက်ဆုံးတိုက်ခဲ့ချိန်တုန်းက တပ်သားအမြောက်အမြားဆုံးရှုံးခဲ့တာကြောင့် ခုဆို ကျွမ်းကျင်တပ်သားမှာ အယောက်ငါးဆယ်တောင် မပြည့်တော့ပေ။ ဒါ့အပြင် တစ်ချို့ရေသူမျိုးနွယ်ဝင်တွေမှာလည်း ပုန်းရှိုးကွယ်ရှိုးနဲ့ နေရသည်မို့ အပြင်ဘက်သို့ထွက်မလာရဲပဲ ဂူသာအောင်းနေရသော Merfolk ပြည်သူတစ်ချို့ လည်းရှိနေသည်။

ဒါတွေကလည်း သူတို့တော်ဝင်ဘုရင်ရဲ့ အားနည်းနေချိန် အလစ်ဝင်တိုက်တာဖြစ်လို့ တိုက်ပွဲကျရှုံးခဲ့ရသည်ကိုး။ အကယ်၍Siren တွေသာ နိုင်မည်ဆိုရင် သူတို့တွေရဲ့ ရေအောက်တိုင်းပြည်ကြီး ပြန်လည်အေးချမ်းမည့် ကိစ္စမို့ ခုလို ဒုတိယအကြိမ်တိုက်ပွဲအတွက်စီစဥ်ရသည်မဟုတ်လား။

'' ဟေ့...ဒီနေ့ တို့တွေရဲ့ မင်းသမီးဆန်းနဲ့ မင်းသားငယ်တို့လာကြမယ်ပြောတယ်''

Once Upon In Deep Ocean (Completed)Donde viven las historias. Descúbrelo ahora