Ep - 13

581 45 5
                                    

အခန်း (၁၃)

သံယောဇဉ်ဆိုတာ
အရောဝင်လို့ မကောင်းတဲ့
ခွေးကလေးပါပဲ။

      - တာရာမင်းဝေ -

ခန့်ရဲ့ ပြန်စာကို ဖတ်ပြီးနောက် ရံ့မှာ အပြုံး မသတ်နိုင်ချေ။ ရံ့ရဲ့ နည်းလမ်းအတိုင်း ပြန်လည် ချေပလာသည့် ခန့်က  စာတစ်ကြောင်းကိုပါ  ရေးပေးထားသည်။ ထိုသည်က ..

' ဒါ ငါ့သဘောထားပဲ။ ဝေးဝေးမှာနေ ဟေ့ကောင် '

စာရွက်ခေါက်ကို အလွယ်တကူ လုံးချေ မဖျက်ရက်သည်အထိ ခန့်ရဲ့ အရှိန်အဝါက ပြင်းရှသည်။ မှတ်စုစာအုပ်ထဲ ခန့်ရဲ့ ပြန်စာကို ထည့်ညှပ်ကာ သိမ်းဆည်းထားလိုက်သည်။ နောက်ထပ် စာတစ်စောင် ရေးဖို့ ပြင်ချိန် အခန်း တံခါး ခေါက်သံကြောင့် စိတ်အာရုံ ပြောင်းသွား၏။

" ကိုကို ဝင်ခဲ့မယ်နော် ရံ "

အပြင်က အသံပေးပြီး ခွင့်တောင်းသည်။ စည်းကမ်းရှိသည့် ကိုကိုက ရံ့အပေါ် ဘယ်တော့မှ ခက်ထန်တာမျိုးလည်း မရှိခဲ့ပေ။ ရံ့အပေါ် နွေးထွေး ကြင်နာသည့် ကိုကို့ကို ရံ ခင်တွယ်သည်။

လက်ထဲ ကိုင်ထားသည့် ဘောပင်ကို ချရင်း ကုတင်ပေါ် တက်လိုက်သည်။ ခေါင်းအုံးဘေး ရောက်နေသည့် ဖုန်းကို ယူပြီး ပါဝါ ဖွင့်ရင်း ကိုကို့ကိုလည်း အသံ ပေးဖြစ်၏။

" ဝင်ခဲ့ ကိုကို။ ရံ မအိပ်သေးဘူး "

တစ်အိမ်လုံးမှာ တစ်ဦးတည်းသော သွေးသားတော်စပ်သူ ဒယ်ဒီနဲ့ အဆင်မပြေပေမဲ့ ကျန်တဲ့သူတွေနဲ့တော့ အေးရာအေးကြောင်းပင်။ ရံ့အတွက် ဘာပြဿနာမှ မရှိပေ။

" ရံ နေမကောင်းဘူးဆို "

" နည်းနည်းပါ။ ဘာမှ မဖြစ်ဘူး "

ကိုကို့ကို ပြန်ဖြေရင်း ရံ့လက်က ကီးဘုတ်ပေါ် ရွေ့လျားနေသည်။ တစ်စုံတစ်ခုကို ရှာဖွေနေတာဆို ပိုမှန်မည်။ ဟိန်းကို အကူအညီ တောင်းပြီး စုံစမ်းခိုင်းရာက ခန့်ရဲ့ Social Media Acc ကို သိခဲ့ရသည်။

အဖြူရောင်ရှပ်လက်ရှည်နဲ့ ခန့်က ဂုတ်ဖျားထိ ရှည်ကျနေသည့် ဆံနွယ်တွေကို မမီမကမ်း စုချည်ကာ နှောင်ထားသည်။ မျက်နှာချောချောကို အပြည့် မဖော်ပြထား၍ ဘေးတစောင်းသာ မပီမပြင် မြင်ရသည်။ Profile ပုံက ရေလည် လစ်ထွက်နေသည်။ ခန့်ရဲ့ Facebook Account ထဲ ဝင်ကြည့်ရင်း ရံ ပြုံးလိုက်မိ၏။ အနည်းဆုံးတော့ ရံ တကောက်ကောက် လိုက်ပြီး ပိုးပန်းနေသည့် လူက အမိုက်စားလေး ဖြစ်နေတာမို့ အချေခံရရင်တောင် တန်သည်။

ေၾကး (ကြေး)Where stories live. Discover now