အခန်း (၂)
အဆင်မြင့် ဘားတစ်ခုမှာ ဖြစ်သည်။ ယူနေကျ အခန်းထဲ ရှိန်းနဲ့ ရံသာ ရှိသည်။ ရှိန်းကို ဘေးမှာ ထားပြီး ရံက အရက်ကို မက်မက်စက်စက် သောက်နေသည်။ ဒါပေမဲ့ ဒီလောက်နဲ့ ရံ မမူးတာ ရှိန်း သိသည်။
ရံက အကြောမာသည်။ အေးစက်စက် နိုင်သည်။ ရှိန်းနဲ့ ဆက်ဆံသည့် နေရာမှာတောင် လေသံ၊ အမူအရာ၊ အချိုး အားလုံး အထက်စီးဆန်သည်။
ဆံပင်နက်နက်ကို နားရွက်တွေ ပေါ်တဲ့အထိ ပုံသွင်းထား၍ မျက်နှာရှင်းရှင်းရဲ့ ဆွဲဆောင်မှုက ပိုထင်းသည်။ မျက်လုံးတွေက ဝိုင်းစက်ပြီး တောက်ပသည်။ ဘယ်ဖက်နားမှာ နားကွင်း ဝတ်ထားသည်။ လည်ပင်းမှာ ဆွဲကြိုး ပါးပါးမျှင်မျှင် တစ်ကုံး နေရာယူသည်။ ရံက လက်ဝတ်ရတနာကို အဖြူရောင်သာ သုံးသည်။
အဝတ်အစားက All black နဲ့ အမိုက်စား ခန့်သန့်နေတတ်သည်။" ရံ .. "
ရှိန်း ခေါ်ပေမဲ့ ရံက မထူးပါ။ အရက်ခွက်ကို ကိုင်ရင်း ငဲ့ကြည့်လာသည်။ ရံရဲ့ အနားကို ပိုပိုသာသာ တိုးကပ်လိုက်သည်။ ရံကလည်း ရှိန်းရဲ့ ပခုံးကို ဖက်ရင်း ရင်ခွင်ထဲ မှီစေသည်။ ရှိန်းရဲ့ လက်ချောင်းလေးတွေက ရံ့ ကိုယ်ပေါ်ရှိ အင်္ကျီ ကြယ်သီးဆီ ရောက်ရှိသွား၏။
ရောယှက်နေသည့် အရက်နံ့ လှိုင်လှိုင်နဲ့ ရံ့ရဲ့ ကိုယ်သင်းရနံ့က ရှိန်းကို ယစ်မူးစေသည်။ ခပ်တင်းတင်း စေ့ထားသည့် ရံ့ နှုတ်ခမ်းပါးကို နမ်းချင်သည်။
" ရံ "
" ခဏခဏ မခေါ်နဲ့ကွာ။ ပြောစရာ ရှိတာ ပြော "
" တို့ကို ဒီည အချိန်ပေးမှာလား "
ရံက ပြုံးတုံ့တုံ့ လုပ်ရင်း ရှိန်းရဲ့ ဆံပင်တွေကို ငုံ့မိုး နမ်းရှိုက်လာသည်။ ပခုံးပေါ် တင်ထားသည့် လက်က အောက်ဘက်သို့ လျှောကျလာကာ ပေါင်ပေါ် တက်ထိုင်ဖို့ မျက်ဝန်းအကြည့်နဲ့ အချက် ပြသည်။ ရှိန်း အလိုက်တသိ တက်ထိုင်လိုက်၏။
ရံ့ရဲ့ တစ်ဖက်က ရှိန်းရဲ့ ခါးမှာ သွယ်သည်။" ရံ .. တို့ဆီ မလာတာ သုံးရက် ရှိပြီနော် "
" မမှတ်မိတော့ဘူး "
