Ep - 35

349 26 2
                                    

အခန်း (၃၅)

" ခန့် "

" အင်း "

ကော်ဖီ သောက်နေရာမှ ခန့်တည်စေ ထူးလိုက်သည်။ ချင်းက ဖန်ဘူး တစ်ဘူးကို ခန့်တည်စေ ရှေ့ ထိုးပေးလာ၏။ ရုတ်တရက်မို့ ချင်း ဘာကို ဆိုလိုချင်သလဲ ခန့် နားမလည်ပေ။

" ဘာလဲ "

" ငါနဲ့ အတူ လုပ်ချင်တဲ့ အရာတွေ ရှိတယ်မလား "

" မရှိပါဘူး "

အပိုင်တွက်ပြီး ပြောလာသည့် ချင်းက ခန့်တည်စေရဲ့ ဘုဘောက်ကျမှုကြောင့် နှုတ်ခမ်းနဲ့ လှမ်းထိုး၏။ မျက်စောင်းတော့ ဝင့်မလာချေ။

ဆယ်ကျော်သက်ကလေးတွေ ရည်းစားထားသလို အချိုအရိုတွေကို လုပ်ရမည့် အရွယ်တွေလည်း မဟုတ်တော့ပေ။ တီတီတာတာတွေကို ချွဲချွဲပစ်ပစ် ပြောမှ ချစ်စရာကောင်းလိုက်လေခြင်းဟုလည်း ခံစားမတတ်တော့ပေ။ အရှိကို အရှိအတိုင်း လက်ခံပြီး ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းချင်သည်။
ကောင်းခြင်း၊ ဆိုးခြင်း အတူဝေမျှပြီး အပြန်အလှန် ရင်ဖွင့်နိုင်သူတွေအဖြစ် လက်တွဲချင်သည်။ အကျိုးအကြောင်း ချင့်ချိန် စဉ်းစားသုံးသပ်ပြီး မှန်၏ မမှန်၏ ကို ခွဲခြားပိုင်းဖြတ်ပြီး အကြံဥာဏ် အထောက်အကူ ပေးနိုင်သူ ဖြစ်ချင်သည်။

ချင်းရဲ့ ဘဝကို သူ မပိုင်။ ချင်းရဲ့ ဆုံးဖြတ်ချက်၊ ချင်းရဲ့ လုပ်ပိုင်ခွင့်၊ ချင်းရဲ့ ရွေးချယ်မှု ... ချင်းနှင့် သက်ဆိုင်သော အရာအားလုံးကို ပဲ့ကိုင်သူမှာ ချင်းသာလျှင် ဖြစ်ရမည်။ ချင်းက ခန့်တည်စေရဲ့ လူ မဟုတ်ပေ။ ခန့်တည်စေကသာလျှင် ချင်း ပိုင်ဆိုင်ရာ အမျိုးသား ဖြစ်သည်။ ခန့်တည်စေ၏ နှလုံးသားဥယျာဉ်ဝယ် စံမြန်းနိုင်ခွင့် ရှိသူမှာ ချင်းမှတပါး အခြားသော သူ ထပ်မရှိနိုင်ပေ။

ချင်းနှင့် ပတ်သက်သည့် သူ့ဆန္ဒက ရိုးရှင်းသည်။ ချင်း လိုအပ်လျှင် ရှိပေးမည်။ ချင်း အနားယူချင်လျှင် ပခုံး ငှားပေးမည်။ သူ ပင်ပန်းရင်လည်း ချင်း ရင်ခွင်ထဲ တိုးဝင်ခွေ့မည်။
သူ့လောဘက ပျော်ရွှင်အေးချမ်းသည့် ချင်းကို မြင်ခွင့် ရဖို့ပဲ ဖြစ်သည်။

ေၾကး (ကြေး)Where stories live. Discover now