Ep - 22

460 33 2
                                    

အခန်း (၂၂)

" အလောင်းအစားလည်း ပြီးပြီ။ မင်း ငါ့ကို အနိုင်ရသွားတာလည်း အဖြေ ထွက်နေပြီပဲ။ ဘာလို့ ဇယားတွေ ဆက်ခင်းနေသေးတာလဲ "

ထိုင်နေကျ ဘားရဲ့ အပြင်ဘက်မှာ ဖြစ်သည်။ အထဲမှာ နေရတာ ငြီးငွေ့လာ၍ အပြင် ထွက်ထိုင်ကာ စီးကရက် တစ်လိပ် ဖွာလိုက်၏။
သုတဇော်က ဘီယာဘူးကို လက်ကမချ စောင့်ကြပ်ထားသည်။ သုံးယောက်ထဲမှာ အလိမ္မာဆုံး ဟိန်းကတော့ လက်ဗလာကို မြေပြင်မှာ ထောက်ကာ ကောင်းကင်ကို ငေးသည်။

ညလေအေးက တယဲ့ယဲ့ သဲ့သည်။ စကားဝိုင်းကို ပျိုးလာသူက သုတဇော် ဖြစ်၏။ အတူ ရှိနေသည့် ဟိန်းကလည်း သုတဇော်ရဲ့ မေးခွန်းကို အဖြေ ထုတ်ပေးဖို့ အကြံပြုချက်နှင့်အတူ အဆို တင်သွင်းလာသည်။

" မင်း ဒီနေရာမှာပဲ ရပ်သင့်ပြီ ရံ။ ခန့်တည်စေကို မင်း တကယ်လည်း အာရုံမလာဘူးမလား "

" မင်းကို ဘယ်သူပြောလဲ။ ငါ ခန့်ကို အပျော် ကစားနေတာပါလို့ "

" ရံ ! "

သုတဇော်နဲ့ ဟိန်းရဲ့ အာမေဋိတ်သံ ရေရွတ်မှုက ပြိုင်တူ ထွက်ကျလာသည်။

" ငါ ခန့်ကို တကယ် သဘောကျတာ "

သုတဇော်ရဲ့ လက်ထဲက ဘီယာဘူးကို ဆွဲယူရင်း တစ်ငုံ မော့သောက်လိုက်သည်။ အချစ်နဲ့ တွေ့မှ အရက်က ချိုသွားသည့် သီချင်းကို သတိရကာ ပြုံးမိသေး၏။

" ဒါဖြင့်လည်း မင်း ငြိမ်ငြိမ်နေတော့လေ။ ခန့်တည်စေကို အတည်လို့ သဘောထားရင် မင်း ဆင်ခြင်သင့်တာပေါ့ "

" ငါက ဘာလုပ်နေလို့လဲ "

သုတဇော်ကို အကန် လွှတ်ခြင်း မဟုတ်။ တကယ် မသိ၍ မေးခြင်းသာ။ ဒါကို နားလည်သည့် သုတဇော်ကလည်း အရိပ်အခြည်ဖြင့် ပြန်ဖြေ၏။ ရံ့ရဲ့ ပခုံးတစ်ဖက်ဆီ အကြည့်ရောက်ကာ မေးငေါ့၏။

" ဒါလား .. ဘာမှမဟုတ်ဘူး။ လျှောက်ထင်မနေနဲ့ "

ပခုံးထက်က တီရှပ်ကို တစ်ချက်ဆွဲလိုက်ရင်း ရှင်းချက် ထုတ်ရတော့သည်။

" တမင် လုပ်ထားတာ။ မင်းတို့ ထင်သလို မဟုတ်ဘူး "

" ဘာတွေလဲ ရံရာ။ ငါတို့ နားလည်အောင် သေချာ ပြောစမ်းပါဦး "

ေၾကး (ကြေး)Where stories live. Discover now