Ep - 17

483 39 0
                                    

အခန်း (၁၇)

" ဒါက ဘယ်လဲ "

" ငါ အောက်ခဏ ဆင်းမလို့ "

" ဝယ်စရာ ရှိလို့လား။ ခြောက်လွှာကို အတက်အဆင်း လုပ်ရတာ လွယ်တယ်များ ထင်နေလား "

" မထင်ပါဘူး။ ခြေထောက်တွေ တအား နာတယ်။ ညကျ ခန့် ဆေးလူးပေးလေ .. နော် "

" ရွှေဝန်းရံချင်း ! "

" အရမ်း အော်တာပဲ ခန့်ရာ။ ဘယ်လို ဖြစ်နေလဲ။ အောက်မှာ ကိုကို ရောက်နေတယ်။ ငါ ခဏ ဆင်းတွေ့မှ ဖြစ်မယ်။ ဟုတ်ပြီလား "

" ကိုကိုဆိုတာ "

" ငါ့အစ်ကို "

ဆိုင်လည်း မဆိုင်၊ ပိုင်လည်း မပိုင်ဘဲ နိုင်ချင်သည်။ ဒီအမျိုးသားကို ကြံရတာ မလွယ်ကူ။ များစွာ ခက်၏။

" တက်လာခိုင်းလိုက်လေ။ မင်းက ဘာလို့ ဆင်းနေမှာလဲ "

" မလာစေချင်လို့ပေါ့ကွာ။ ငါ ခန့်နဲ့ အတူ ရှိတာ ကိုကို သိရင်တောင် မြင်တော့ မမြင်စေချင်ဘူး "

" ဒါဆို ငါက မင်းရဲ့ ဘာလဲ "

" ဘာကို ဘာရမှာလဲ။ ခန့်က ခန့်ပဲပေါ့။ အဖြေ မပေးဘဲ အကြောတင်းနေမှတော့ ဘာမှ ဖြစ်စရာကို မရှိဘူး "

" ငါ့အိမ်ပေါ် အခန့်သား တက်နေတာတောင် လွန်နေပြီလေ။ မင်းက ဘာထပ်ဖြစ်ချင်နေသေးတုန်း "

" ရည်းစား ဖြစ်ချင်တယ်လေ "

" နားထောင်ကောင်းတယ် ထင်နေလား။ ယောက်ျားချင်းကို ရူးနေလို့ ငါက မင်းကို တွဲရမှာလား "

" ငါကရော ဒီစကားကို ခဏခဏ ပြောနေရတာ အဆင်ပြေတယ် ထင်နေလို့လား။ ရန်ဖြစ်ချင်လည်း ခဏ အောင့်ထားဦး။ ငါ မအားသေးဘူး။ ပြီးမှ ဆက်ဖြစ်မယ် "

" မသွားနဲ့ "

" မင်း ဘယ်လိုဖြစ်နေလဲ။ တဂျီဂျီနဲ့ ငါ စိတ်ရှုပ်လာပြီ "

လက်ကို ဖမ်းဆွဲပြီး တားသည်။ ချင်း တကယ် စိတ်ရှုပ်လာပြီ။ ခန့်က ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းကို မသိ။ ခန့်ကို လောင်းကြေး တင်ပြီး မရမက လိုက်မည့် ချင်းဆိုသည့် ဒီကောင်က ပြဿနာရှာ၊ ရန်ဖြစ်၊ အရွဲ့တိုက်တာက လွဲပြီး မည်သည့်နေရာမှ မကျွမ်းဝင်တာ ခန့် မသိလေရော့သလား။ ဒီလို အကြောတင်း ကောင်ဆီမှာ အချော့ခံချင်တာဆိုရင်တော့ ခန့် အတွေး မှားပြီပဲ။

ေၾကး (ကြေး)Where stories live. Discover now