part 02

8K 321 1
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂)
သူ အိပ်ရာက နိုးထလာတဲ့အချိန်အထိ ဖီးလစ်က မနိုးသေးပေ။သူလည်း အိပ်ပျော်ပါစေ ဆိုပြီး ဖီးလစ်ကို မနှိုးဖြစ်ပဲ ရေစိမ်ချိုးနေမိသည်။

မနေ့ကရွာထားတဲ့ မိုးကြောင့် ခြံထဲက သစ်ပင် ကြီးကြီးငယ်ငယ် အကုန်လုံး မြင်မြင်ရာ စိမ်းစိုနေသည်။သဘာဝပန်းရနံ့ တွေပင်လေပြေတချက်တချက်နှင့်အတူ အိမ်ထဲထိ သင်းသင်းလေးမွှေးပျံ့လာတတ်သေးသည်။

တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရှိတာမို့ ငှက်ကလေးတွေရဲ့ တီတီတာတာ အော်မြည်သံတွေပင် တချက်၊တချက် ကြားနေရသည်။

ရေချိုးပြီး အပေါ်ထပ်က ဆင်းလာတဲ့သူ့ကို အန်တီပေါ့ က လှေကားခြေရင်းမှ ရပ်စောင့် နေရင်း

"အကိုလေး လီယို မနက်စာ ဘာများသုံးဆောင်မလဲ"

သူ အန်တီပေါ့နဲ့ ဝန်ထမ်းတွေကို တချက်ဝေ့ဝဲကြည့်လိုက်ကာ

"အန်တီပေါ့ ......
အန်တီတို့ ဒီနေ့ ခွင့်တရက်ပေးမယ်
ဘယ်သွားစရာရှိကြလဲ ရှုခင်းလေးဘာလေး ကြည့်တာသွားမလား ကျတော်စီစဉ်ပေးမယ်"

"ဟေးးးးးးးး"

ရုတ်တရက်ဝမ်းသာသွားပြီး ထအော်လိုက်တဲ့ သူ့ဝန်ထမ်းလေးတွေကို အန်တီပေါ့က မျက်နှာထားနှင့်လှမ်းထိန်းလိုက်သည်။

"ကျေးဇူးတင်ပါတယ်အကိုလေး"

သူ့အတွင်းရေးမှူးကို ဖုန်းဆက်ကာ ဝန်ထမ်းတွေအတွက် ခရီးစဉ်လေးတခုစီစဉ်ပေးဖို့ ပြောလိုက်လျှင်

ဝန်ထမ်းကလေးတွေ အားလုံး အဝတ်အစားလဲရန် သူ့တို့နားနေခန်းသို့ အပြေးအလွှား ပျော်‌ပျော်ရွှင်ရွှင် ထွက်သွားကြသည်။
အန်တီပေါ့နှင့် ဝန်ထမ်းတွေ ထွက်သွားကြလျှင် သူလည်း ပီတိဖြစ်ရတာမို့ ပြုံးပြုံးရွှင်ရွှင်နှင့်ပင် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။

အမူးပြေ ဆန်ပြုတ်ဟင်းရည်ကို ချဉ်ချဉ်လေး ချက်လိုက်သည်။ဖီးလစ်က ထိုဆန်ပြုတ်ဟင်းရည်ကို ကြိုက်လည်းကြိုက်သည်။ညက အလွန်အကျွံ အမူးလွန်လာသော ဖီးလစ်အတွက် လည်း သင့်တော်သည်မို့ သူချက်ဖြစ်လိုက်တာဖြစ်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now