part 16

2.8K 118 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၆)

ဒီကို စရောက်တုန်းက အဲလက်လည်း တကယ်အဆင်မပြေခဲ့ဘူး။
ကိုယ့်နိုင်ငံက စားနေကျ အစားအစာတွေမစားရတော့ တကယ်ပဲ အစားအသောက်ပျက်တယ်။ဘာသာ စကား အခက်အခဲနဲ့ သင်တန်းမှာ မှီအောင်လိုက်ရတာ ဆိုတော့ အရမ်းပင်ပန်းတယ်။

ဘာသာစကား သင်တန်းကိုလည်း ခုမှ သင်နေရင်းကို၊
ပင်ပန်းပေမယ့် ကိုယ့်ဘဝအတွက် အခွင့်အရေးတခုလည်းဖြစ်ပြီး ဒီဒုက္ခတွေရဲ့ အဆုံးမှာ အခွင့်အလမ်းတွေလည်း ရှိလာနိုင်တာပဲ ဆိုပြီး အားတင်းထားရတယ် တခါတခါ ကိုကြီးလီယိုကို လွမ်းတဲ့ အလွမ်းတွေဆိုတာ ရင်နဲ့မဆံ့အောင်ပါပဲ။

ကံကောင်းလွန်းတာ တခုက အဲလက် သတိရတဲ့အချိန်တိုင်း ဖုန်းဆက်လို့ရနေပြီး ဗီဒီယိုကောလ် ခေါ်တိုင်း မျက်နှာလေးကို မြင်နေရတာပါပဲ။အဲ့ဒါလေးတွေကြောင့်သာ ဖြေသိမ့်နေနိုင်ခဲ့တာ ခုထိပါပဲ။

ကိုကြီးနဲ့ စကားပြောဖြစ်တိုင်း ပင်ပန်းတဲ့အကြောင်းတွေ မပြောချင်ဘူး။ချစ်တဲ့အကြောင်းတွေကိုပဲ တမင်ပြောခဲ့တာ ကိုကြီးက အချိန်ပြည့်အလုပ်ရှိတာ မဟုတ်ပေမယ့်လို့ ရာသီအလိုက်တော့ အလုပ်ရှိတဲ့ လူတယောက်လေ......

ကိုယ့်ကြောင့်တော့ သူ့ကို အလုပ်ပျက်၊အကိုင်ပျက် ဖြစ်ပြီး လိုက္မလာစေချင်ဘူး။

အဲလက် ဒီနိုင်ငံကို ထွက်လာမယ်ဆိုကတည်းက လိုက်လာမယ် တကဲကဲဖြစ်နေတဲ့ ကိုကြီးကို ပင်ပန်းလိုက်တာ လို့ တခွန်းတလေ ညည်းမိတာနဲ့ ချက်ချင်းလိုက်လာမှာ ကို မလိုချင်ပေ။

ဒါတောင် မနေ့က "မင်း အစားကောင်းကောင်းမစားဘူး လား?"
ဆိုပြီး မျက်လုံးပြူး၊မျက်ဆန်ပြူး နှင့် မေးသွားသေးတာ....။

မှန်ထဲက သူ့မျက်နှာကို ပြန်ကြည့်ရင်း မနေ့က ဖုန်းစခရင်မှာ ပေါ်လာတဲ့ ကိုကြီးရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာကိုပြန်တွေးနေမိသည်။

ဟုတ်တော့လည်းဟုတ်သည် သူ့မျက်နှာလေးကအရမ်းချောင်ကျနေတာကိုး။

လူ့စိတ်ကထူးဆန်းသည် ကိုကြီးကို သူ့နောက်က လိုက်လာပြီး အလုပ်ပျက် အကိုင်ပျက်ဖြစ်မှာ စိုးရိမ်တာက စိုးရိမ်တာပေမယ့် ။

ပန်းဥယာဉ်လို အချစ်(Complete)Tahanan ng mga kuwento. Tumuklas ngayon