ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၁)
အဲလက် တ ေယာက် ဇီယမ်ကို ပွတ်သပ်လိုက်၊ဇီယမ့်နောက်ကို တကောက်ကောက် လိုက်နေလိုက် လုပ်နေပေမယ့် ပြတင်းပေါက်ကို တချက်၊တချက် လှမ်းကြည့်နေတတ်တာကို လီယို မကြာခဏ မြင်နေရသလို ၊ခြံထဲက တောအုပ်ငယ်လေးကို လှမ်း၊လှမ်း ငေးနေတာ၊တွေးနေတာ ကိုလည်း လီယို တွေ့နေရသည်။အဲလက်ပြောဖူးသမျှ အဲလက်၏ဇာတ်ကြောင်းတွေထဲတွင် ဇနီးမယားကို စကားလုံးတွေနဲ့ရော ကိုယ်ထိလက်ရောက်ပါ အနိုင်ကျင့်ခဲ့သလို သားဖြစ်သူအဲလက်ကိုလည်း စိတ်ဒဏ်ရာတွေ ပေးခဲ့ဖူးတဲ့သူဖြစ်ခဲ့တာမို့ ကြောက်တယ် ဆိုပေမယ့် အဲလက်၏ ဟိုး အနက်ရှိုင်းဆုံးက အတွင်းစိတ်၌ မူ အဖေ ဟူသော အသိစိတ်က ရှိနေသည်။
ဖခင်၏မေတ္တာကိုပဲ မျှော်လင့်နေသေးတာလား? ဒါမှမဟုတ် ဖခင်ဖြစ်တာကြောင့် ပစ်မထားရက်တာကတဖက် ကြောက်ရွံ့မုန်းတီးတာက တဖက် စိတ်နှစ်ခွ ဖြစ်နေသလား? ဆိုတာကိုတော့ အဲလက်ကပဲ အသိဆုံးဖြစ်မှာပါ။အခုချိန်အထိလည်း လီယို့ကို တခွန်းမှ ဖွင့်မပြောတာကြောင့် လီယိုလည်း ဘာမှ မပြောပဲ အဲလက်ဖွင့်ပြောလာမည့် အချိန်ကိုသာ စိတ်ရှည် ၊လက်ရှည် စောင့်ဆိုင်းမည်ဟုသာ ဆုံးဖြတ်ထားလိုက်တော့သည်။
"ဇီယမ် လာ လာ ကိုကြီးဆီလာ"
မှန်ခန်းလသဆောင် ဘက်ကနေ အိပ်ခန်းထဲသို့ ဝင်လာသော လီယို့ကိုမြင်လျှင် အဲလက်နှင့် ဆော့ကစားနေရာမှ အဲလက်ကို
ထားရစ်ခဲ့ကာ လီယိုဆီသို့ ပြေးသွားသော ဇီယမ့်ကို အဲလက်က လိုက်ခေါ်ပေမယ့် ဇီယမ်က အမြီးလေး လှုပ်ကာ၊လှုပ်ကာ ဝဝကစ်ကစ် ကိုယ်လုံးလေးနှင့်လီယို့ဆီသို့သာ တန်းနေအောင် ပြေးလေသည်။"မင်းအဖေကို မြင်တာနဲ့ ငါ့ကို ထားခဲ့တာပေါ့ ဟုတ်လား ဇီယမ်"
လီယိုကပွေ့ဖက်ထားသဖြင့် လီယို့ရင်ခွင်ထဲရောက်နေသော ဇီယမ်က ခပ်ချေချေ မျက်နှာပေးနှင့်ပင် အဲလက်ကို ချေနေတော့သည်။
လီယို့ကိုရော ဇီယမ့်ကိုပါ ဖက်ကာ လီယို့ကိုတလှည့် ဇီယမ့်ကို တလှည့် နမ်းလိုက်ရင်း
"တတ်လည်းတတ်နိုင်တဲ့ ကောင် ဟင်၊ရုပ်ကိုက၊ရုပ်ကိုက"
လီယိုက အဲလက်နှင့်ဇီယမ့်ကိုကြည့်ကာ တဟက်ဟက်ရယ်နေသည်။ပြီးေတာ့အဲလက်ပါးပြင်လေးကို မော့ကာ နမ်းလိုက်သည်။အဲလက် ငြိမ်သွားသည်။ပြုံးလည်းပြုံးသွားသည်။လီယို့ကိုလည်း နောက်ကျောပြင်ကြီးကနေ သိုင်းဖက်လိုက်သည်။
YOU ARE READING
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...