part 43

2.1K 71 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၃)
အဲလက်က CCTV ကနေ မြင်နေရတဲ့ သူ့အဖေ ရဲ့ နေပုံ၊ထိုင်ပုံ တွေ၊သူ လုပ်လာတဲ့ အချိုပွဲ မုန့်တွေ ကို သူ့အဖေ ခံတွင်းတွေ့ရဲ့လား?ဆိုတာတွေကို သေချာစောင့်ကြည့် နေတဲ့ အဲလက် ပုံစံလေးအားထိုင်ကြည့်နေရင်း လီယို့ စိတ်မကောင်းဖြစ်ရသည်။

"ချစ်စရာကောင်းလိုက်တာ"
လို့ တစိမ့်စိမ့် ကြည့်ရင်း တွေးနေမိပြန်သည်။

"ကိုကြီး အဖေက ကျတော်လုပ်တဲ့ မုန့်တွေ ကြိုက္မှာပါနော် "

"အင်း ကြိုက္မှာပါ Bae ရဲ့ မစိုးရိမ်နဲ့နော်"

အပြန်လမ်းတလျှောက်လုံး သူ့အဖေ ကျန်းမာရေးကောင်းနေပုံပေါ်ကြောင်း၊သူလုပ်တဲ့ မုန့်တွေကို ဝမ်းသာအားရ လက်ခံကြောင်း၊အခု သူ့အဖေ ၏ ပုံစံက ဒေါသတွေ သိပ်မရှိတော့တဲ့ ပုံပေါ်ကြောင်း တတွတ်တွတ်ပြောဆိုနေသည့်အပြင် သူလုပ်တဲ့ မုန့်တွေကို ကြိုက္မှကြိုက် ပါ့မလား? ဆိုပြီး လီယို့ကိုပါ မေးနေ‌ေသးသည်။

အဲ့ဒီက ပြန်လာပြီး အဲလက်က အရင်ကထက်ပင် ပိုပြီး ပျော်ရွှင် သွက်လက်နေလေသည်။သူ့ဆိုင် နှစ်ဆိုင်အတွက် ဆောင်းရာသီ နှင့်သင့်လျော်သည့် မီနူးတွေ ပြောင်း တာ၊ဟင်းလျာ မီနူးပြောင်းတာတွေကို တက်တက်ကြွကြွ လုပ်ကိုင်နေလေသည်။

လီယိုကတော့ အဲလက် ဘာတွေပဲ လုပ်လုပ် မနီးမဝေးလေးကပင် ကြည့်ရှုစောင့်ရှောက်ပေးနေ‌သည်။အဲလက်ပုံစံလေးက အရင်ကထက် တက်ကြွလန်းဆန်းနေတာကိုပင် သူမြင်ရတာ စိတ်ချမ်းသာနေပါပြီလေ။

မကြာခဏဆိုသလိုပဲ အဲလက်သည် သူ့ဖခင်ကို သွား၊သွား ကြည့်တတ်သည်။
သွားတိုင်းလည်း ထမင်း၊ဟင်းတွေ၊အသီးတွေ၊အချိုပွဲတွေ ယူသွားမြဲ ဖြစ်သည်။အဲလက်ကို စိတ်မချတာကြောင့် လီယိုကတော့ ဘယ်တော့မှ တယောက်တည်း လွှတ်လေ့မရှိပေ။အမြဲတမ်း လီယိုပါ လိုက်သွားလေ့ရှိသည်။

အခုဆို အဲလက်တို့ သားအဖနှစ်ယောက်ဟာ တယောက်နှင့်တယောက် ရင်းရင်းနှီးနှီး ပင် ဖြစ်လာလေသည်။အဲလက်က သူသွားသည့် အခါတိုင်း သူ့အဖေကို အစားအသောက်တွေပင် ခွံ့ကျွေးနေလေသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now