part 36

2K 76 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း (၃၆)
ရိုက်ကူးရေးရှိသည်ဖြစ်စေ၊နားသည်ဖြစ်စေ မနက်ဆိုရင် အစောကြီး နိုးလာတတ်တဲ့ အကျင့်ကို အက်ဘယ်ဝါရင်း တယောက် ပြင်လို့မရ။
မနေ့က ရိုက်ကူးရေး ပြီးတော့ တော်တော် ညနက်နေပြီ သူကွန်ဒိုကို ရောက်တော့ အဝတ်အစားတွေ အကုန်လုံးချွတ်ပြီး အိပ်ပစ်
လိုက္မိသည်။

အခုလည်း အစောကြီးနိုးနေပြန်ပါပြီ။နိုးတာနဲ့ သူ ပြေးစက်ပေါ်တက်ပြီး လမ်းလျှောက် တော့ မနက် ၅နာရီ ၁၅ မိနစ် ရှိနေပြီ။တယောက်တည်းနေရတော့ အထီးကျန်တာမို့ ကြည့်ဖြစ်သည်ဖြစ်စေ၊မကြည့်ဖြစ်သည် ဖြစ်စေ ရုပ်မြင်သံကြား ကို ဖွင့်ထားလိုက်သည်။

အစကတော့ လမ်းလျှောက်နေရာကနေ ကြားနေရပေမယ့် သတိမထားမိ၊
‌ကြာလာတော့မှ
ဒီအသံကို ငါရင်းရင်းနှီးနှီး
သိပါတယ်ဆိုပြီး ရပ်ကြည့်လိုက်တော့ လီယို ၏ အင်တာ ဗျူး လာနေတာဖြစ်သည်။

ခေါင်းထဲမှာ တစုံတယောက်အကြောင်း တွေးမိသွားပြီး ၊အချက်ပေးခေါင်းလောင်းသံလိုမျိုး တခုခုက သူ့ကို သတိရသွားစေတာကြောင့် လမ်းဆက်မလျှောက်တော့ပဲ ရေချိုးခန်းထဲကို ပြေးကာ ရေကမန်းကတမ်းချိုးလိုက်သည်။
တီရှပ်တထည်နှင့် ဘောင်းဘီတိုတထည် ကိုပါ ချက်ချင်းကောက်စွပ်လိုက်သည်။

မျက်နှာနှင့် ဘော်ဒီကို လိမ်းစရာရှိတာတွေ ကမန်းကတမ်း လိမ်းလာခဲ့သည်။
ဦးထုပ်တလုံးကို ကောက်စွပ်ကာ mask
တခုကိုလည်း ကောက်စွပ်လာခဲ့သည်။

ပိုက်ဆံအိတ်ရယ်၊ဖုန်းရယ်၊ကားသော့ရယ်ကို ယူပြီး အလျှင်အမြန် ထွက်လာခဲ့သည်။

ဖီးလစ်နေတဲ့ ကွန်ဒို အနီးသို့ရောက်လျှင်
မီနီမားကပ် လေးတခုကို တွေ့တာနှင့် သူဈေးဝင်ပြီး ဝယ်လာခဲ့သေးသည်။

ဖီးလစ် အခန်းရှေ့ရောက်တော့ အကြာကြီး ဘဲလ်တီးနေပေမယ့် ဖီးလစ်က
ထွက္ မလာတာမို့ အက်တယောက် စိတ်တွေပူသွားပြီး ဖုန်းပါခေါ်လိုက္မိသည်။

"ဟယ်လို"

အိပ်ချင်မူးတူးအသံလေးနှင့် ဖီးလစ်က ထထူးမှ  အက် လည်းနည်းနည်းစိတ်အေးသွားရသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now