ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၇)
ရေဆာနေလို့ ထင်သည်။အိပ်ပျော်နေရာမှ ရုတ်တရက် သူနိုးလာသည်။
ညက ဖီးလစ်၏ကွန်ဒို၊ဖီးလစ်၏ အခန်းမှာ သူအိပ်ပျော်သွားခဲ့တာကိုတော့ အက်ဘယ်ဝါရင်း မှတ်မိသည်။အခု သူတရေးနိုးလာတော့ ဖီးလစ်ကို အိပ်ရာပေါ်မှာ မတွေ့ရ။သူဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး ရေခဲသေတ္တာ ဆီသို့ ထသွားပြီး ရေသန့်ဗူး တဗူး ကို ယူပြီး မော့သောက်လိုက်သည်။
"မင်း တရေးနိုးတာလား? "
"ဖျောက်"ကနဲ မီးခလုတ်ဖွင့် သံနှင့်အတူ အိပ်ခန်းထဲ လင်းထိန်သွားသည်။ စီးကရက် တလိပ်ကို လက်ကြားညှပ်ကာ မီးခလုတ် နားမှာ ရပ်နေသော ဖီးလစ်ကို တွေ့လိုက်ရသည်။
"မင်းရော တရေးနိုးတာလား?"
မီးခုလုတ်နားမှာ ရပ်နေရာမှ စီးကရက်ကို ရှိုက်ဖွာ လိုက်ပြီး ဝရန်တာ ဘက်ကို ထွက်သွားသော ဖီးလစ်ကြောင့်
သူလည်း ဝရန်တာ ဘက်သို့ ထွက်လိုက်လာခဲ့သည်။အထပ်မြင့်လည်းဖြစ်တဲ့ ဝရန်တာ တခုမို့ လတ်ဆတ်တဲ့ လေနဲ့ ထိတွေ့လိုက်ရသည်။ရုတ်တရက် လူက လန်းဆန်းသွားသလို ခံစားရသည်။
"အိပ်လို့ မပျော်ဘူး"
ဖီးလစ် စကားကြောင့် သူဖီးလစ် မျက်လုံးတွေ၊မျက်နှာတွေဆီကနေ အဖြရှာတွေ့မလားလို့ သေချာကြည့်လိုက်ပေမယ့် ဝေခွဲမရပါဘူး။
"ဘာလို့လဲ?"
"တယောက်တည်း နေရတာ ကြာတော့ သိတယ်မို့လား အထီးကျန်သလိုလို ဘာညာ ဘာညာ တွေက ညညဆို ထပြီး ခံစားလာရပြီ အဲ့ဒီတော့ လူက အိပ်မပျော်တော့ဘူး"
"အဲ့တာနဲ့ပဲ ဝရန်တာကို ထွက်လာပြီး စီးကရက်သောက်နေတာပေါ့ ဟုတ်လား?"
"အင်း ညဘက် မူးရင်မူး၊မမူးရင် ဒီလိုပဲ ဝရန်တာဘက် ထွက်ထွက်ပြီး ရူးရတာပဲ"
"ငါသီချင်းဆိုပြရမလား"
အက် စကားကြောင့် ဖီးလစ်က ရယ်သည်။ပြီးမှ အတည်ပေါက်ကြီး ပြောနေမှန်း သိတော့ အရယ်ရပ်သွားသည်။
'ငါက သီချင်းတွေနဲ့ မအိပ်တတ်ဘူး
ငါ့ကို ချော့သိပ်ချင်ရင်တော့
ပုံပြင်ပြောပြမှ ရမယ်"
KAMU SEDANG MEMBACA
ပန်းဥယာဉ်လို အချစ်(Complete)
Romansaကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...