part 03

7.1K 281 1
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃)
သူ့အိမ်က ဘားထဲမှ မီးရောင်မှိန်မှိန်ပျပျလေး၊ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးက တိုးလျလျ ပျံ့နှံနေသည်။ သူ့သူငယ်ချင်းဖြစ်သူ"တွန်"က သူ့ကို ဂရုဏာသက်စွာ ငေးမောကြည့်နေသည်။

အခြေအနေအရ အပြင်မှာထွက်ကဲလို့ အဆင်မပြေတာမို့ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ သူ့အိမ်ကိုလာရန် ခေါ်လိုက်ရသည်။

ဘေးကနေ အမြည်း ထိုင်စားနေတဲ့ "အက်"ကတော့ စားရင်းသောက်ရင်း သူတို့ ကိုငေးကြည့်နေသည်။

"မင်းနဲ့ ဖီးလစ်နဲ့က ဘယ်လိုဖြစ်ရတာလဲကွာ"

လက်ထဲက ခွက်ကို မြှောက်လိုက်ရင်း

"တွန် မင်းသိတဲ့အတိုင်းပဲလေ ငါ့မှာ လက်တွဲဖော်ရှိရက်နဲ့ ပျော်လည်း ငါတယောက်တည်းပဲ...........................
အလုပ်ကို နေ့မနား၊ညမနား လုပ်ပြီးတော့
အပန်းဖြေရမယ့် အချိန်လည်း ငါတယောက်တည်းပဲ ကြာတော့ ငါ့မှာ ချစ်သူရှိတာရောဟုတ်ရဲ့လားလို့တောင် တွေးမိလာတယ်"

တွန်က သက်ပြင်းတချက်ချရင်း ခေါင်းငြိမ့်ပြသည်။ အက် ကလည်း သူနှင့် ခွက်ချင်းလာတိုက်သည်။

"သောက်လိုက် ငါ့ကောင် ဒီည အမူးသောက်ကြစို့ "
အက်နှင့် သူ အပြိုင်မော့ချလိုက်ပြီးတော့
တွန်က စကားဆက်သည်။

"မင်း အခု ဖီးလစ် ဖန် တွေနဲ့ မင်းကိုမုန်းနေတဲ့ ဖန် တွေနဲ့ ယာယီမဟာမိတ်ဖွဲ့ပြီး
မင်းကို ဖွနေကြပြီ အဲ့ဒီကိစ္စ ဘယ်လိုရှင်းမလဲ စဉ်းစားအုံးနော် လီယို"

"အဲ့ဒီကိစ္စက ဖီးလစ်က တခုခု ထပြောပြီးရှင်းပေးမှ အဆင်ပြေလိမ့်မယ် ထင်တယ်ကွာ"

ဘေးကနေ တချိန်လုံး သောက်လိုက်၊စားလိုက် လုပ်နေတဲ့ အက် က ဝင်ပြောသည်။
အက်ပြောတာ မှန်နေတာမို့ သူလည်းခေါင်းညိမ့်ပြလိုက္မိသည်။

"ဟုတ်တယ် ဒါပေမယ့် ဘာတတ်နိုင်မလဲကွာ ......."

သုံးယောက်သား ခွက်ချင်းတိုက်ပြီး မော့လိုက်ကြပြန်သည်။

သိပ်မကြာခင် သူ ဒီဇိုင်းလုပ်ထားသည့်အဝတ်အစားတွေကို လေလံဆွဲကာ ရောင်းချမည့် ပွဲရက်သို့ ပင် နီးကပ်လာလေပြီ။အရာရာကို ခေါင်းထဲ၊အတွေးထဲ ကထုတ်ပစ်ကာ ဒီည သူမူးပြီး အိပ်ပျော်သွားလိုက်ချင်သည်။
.........................

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now