ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၉)
လုပ်ငန်းအတွေ့အကြုံ ရအောင် သူများဆိုင်မှာ စားဖိုမှူးလုပ်နေတဲ့ ကာလတွေအတွင်းမှာ ငွေကြေးအတန်အသင့် စုမိဆောင်းမိပြီဖြစ်တဲ့ အဲလက်တယောက်ဟာ ကိုယ်ပိုင်စားသောက်ဆိုင် တဆိုင် ဖွင့်လှစ်နိုင်ခဲ့ပါပြီ ။"ချစ်ခြင်းရဲ့ အရိပ်" ဆိုတဲ့ အဲလက်၏ စားသောက်ဆိုင်လေးဟာ ပန်းဥယျာဉ်လေးထဲမှာ အပန်းဖြေရင်း စားသောက်နေရသလို ခံစားရအောင် ခြံဝန်းကျယ်ကျယ်လေးထဲ့မှာ အလှပန်းပင်တွေ အများကြီးစိုက်ပြီး အဆောက်အအုံ လှလှ လေး ဆောက်ထားတဲ့ ချစ်စရာကောင်းတဲ့ အနောက်တိုင်းအစားအစာ တွေရတဲ့ စားသောက်ဆိုင်လေးပါ။
စားဖိုမှူး အကြီးအကဲ (၂)ယောက်နှင့် လက်ထောက်စားဖိုမှူး (၃)ယောက်ခန့်ထားပြီး အော်ဒါလက်ခံတဲ့ စားပွဲထိုးလေးတွေနဲ့ မန်နေဂျာ (၁)ယောက်နဲ့ လက်ထောက္မန်နေဂျာ (၁)ယောက် သာ ခန့်ထားသော်လည်း တော်တော်လေးရောင်းအားေကာင်းသည်။အဲလက်ကမူ မီနူးစီစဉ်တာနှင့်၊စီမံခန့်ခွဲတာ လောက်သာ လုပ်ရတော့တာမို့ အချိန်ပြည့် ဆိုင်မှာ အလုပ်လုပ်နေစရာ မလိုတော့ပါ။
အိပ်ရာက နိုးလာတာနှင့် တိတ်တိတ်ဆိတ်ဆိတ်ရှိတာကြောင့် ခြံထဲက ငှက်ကလေးတွေရဲ့ အော်သံကို ကြားရသည်မှာ သူ့စိတ်ကို ကြည်နူးသွားစေသည်။ကိုကြီး ဘက်ကို လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေဆဲ ကိုကြီးမျက်နှာက ငြိမ်းချမ်းနေသည်။ချောမောခန့်ညားနေသည်။
"ဟော..."
ခုမှပင် သူသတိရတော့သည်။
ဒီနေ့မနက် ကိုးနာရီမှာ ကိုကြီးလီယို ရင်းနှီးမြှုပ်နှံထားတဲ့ အဝတ်အစား ကုမ္ပဏီ တခု၏ ရှယ်ယာရှင် အစည်းအဝေးကို ကိုကြီးလီယို တက်ရမည်ဖြစ်သည်။
စားပွဲတင်နာရီလေးကို လှမ်းကြည့်လိုက်တော့ နံနက် (၆)နာရီ ထိုးပြီ။ကိုကြီးကို မနက်စာ မစားပဲ အပြင်ကိုသွားရန် သူခွင့်မပြုနိုင်တာမို့ ကိုကြီးအတွက် မနက်စာ စီမံရန် မီးဖိုဆောင်သို့ ထွက်လာခဲ့သည်။အန်တီပေါ့နှင့် သူ ညှိနှိုင်းကာ ကိုကြီးအတွက် မနက်စာ ကို အမြဲတမ်းစီစဉ် လေ့ရှိသည်။
မနက်စာ စီမံပြီးတာနှင့် သူအပေါ်ထပ်သို့တက်လာတော့ ကိုကြီးလီယိုက ရေချိုးနေသည်မို့ သူက ကိုကြီးရေချိုးပြီးရင် ဝတ်ဖို့ အဝတ်အစား တွေ ထုတ်ထားလိုက်သည်။ပြီးတော့ သူပါ ရေချိုးခန်းထဲ ဝင်လိုက်သွားသည်။
ESTÁS LEYENDO
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...