part 05

4.9K 199 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၅)
ပြဿနာတွေ ပြေလည်သွားတဲ့အခါ
သူ့ အဝတ်အထည် လေလံပွဲနေ့ကို ရောက်လာပါပြီ။
လူတော်တော်များများလည်း တက်ရောက်ကြသည်။
မူလကြမ်းခင်းဈေးထက် အပြိုင်အဆိုင်လေလံဆွဲကြသောကြောင့်
အဆမတန်ဈေးပိုရပြီး .....အောင်အောင်မြင်မြင် နှင့် ပင် ပြီးဆုံးသွားသည်။

ဆိုင်မွန်တယောက်လည်း အခုမှ စိတ်လက်ပေါ့ပါး သွားပုံရသည်။
မျက္ကြောကြီး ရှုံ့ပြီး အလုပ်ပြီး အလုပ်ပွဲမပြီးမချင်း  ဖိတွန်းလာခဲ့သမျှ အခုမှ ပြုံးပြုံးရယ်ရယ်ပြန်တွေ့ရသည်။

သူလည်း အခုမှပင် စိတ်အေး၊လက်အေး အနားယူလို့ရတော့သည်။
.............................
သူ့ခြံထဲက ရေကူးကန်တွင်ဖြစ်သည်။
အတော်အတန် အကျယ်အဝန်းရှိတာမို့
"အက်"နှင့်"တွန်" တို့ ကိုပါ ခေါ်ထားသည်။
သူငယ်ချင်းသုံးယောက်သား ရေပြိုင်ကူးလိုက်၊စကားပြောလိုက်၊ငြင်းလိုက်၊ခုန်လိုက်၊သောက်လိုက်၊စားလိုက်နှင့် ပျော်ပျော်ပါးပါး ရှိနေကြသည်။
ရေကူးပြီးသည်နှင့် Spa ခန်းထဲတွင် Spa လုပ်ရန် ဝန်ဆောင်မှုပေးမည့် ‌ဝန်ထမ်းလေးတွေခေါ်ထားကြသည်။

"Spa ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းလေးတွေရောက်နေပါပြီ"
အန်တီပေါ့ က လာအကြောင်းကြားသည်။

"Spa ခန်းကိုလွှတ်လိုက်ပါ အန်တီပေါ့"

ဝင်လာသည့် ကောင်လေး သုံးယောက်ထဲတွင် အဲလက်ကို မြင်လျှင် သူအံ့ဩသွားသည်။

"ဟင် မင်း မင်း အကသမားမဟုတ်ဘူးလား"

အက် ကရယ်ရယ်မောမောနှင့်

"ဒီကလေးက ငါခေါ်နေကျ ဆိုင်က ငါခေါ်နေကျ ဝန်ထမ်းလေးကွ ဒါနဲ့ မင်းတို့ချင်းသိလို့လား"

သူဘာမှ မပြောနိုင်ခင် အဲလက်ကပင်

"မသိကြပါဘူး"

လို့ ဝင်ငြင်းသည်။သူလည်းဘာမှ မပြောပဲ အသာအယာပင် နှုတ်ဆိတ်နေလိုက်သည်။ Spa ဝန်ထမ်းအဖြစ် ဆိုင်မှာအလုပ်လုပ်ကာငွေရှာရင်း သူဝါသနာ ပါရာ အက ကတာကို လေ့ကျင့်နေတာပဲဖြစ်ရမည် ဟု သူ့ဘာသာသူ တွေးတောကာ မှတ်ချက်ချနေမိတော့သည်။

ပန်းဥယာဉ်လို အချစ်(Complete)Dove le storie prendono vita. Scoprilo ora