ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၅)
အဲလက် မရှိတော့ လီယို့အိမ်ဟာ နောက်တကြိမ်ခြောက်ကပ်သွားပြန်တယ်။ပိုပြီးသေသေချာချာ ပြောရရင် အိမ်ထက် လီယို့ဘဝကြီး ပိုပြီး ခြောက်ကပ်ကပ် ဖြစ်သွားရသည်။လီယို့ဘဝထဲက အဲလက်ကို နုတ်လိုက်ရင် အန်တီပေါ့နှင့် ဆိုင်မွန်ရယ် သူ့သူငယ်ချင်နှစ်ယောက် ဖြစ်သည့် အက် နှင့် တွန် ရယ်သာ အရင်းနှီးဆုံး လူတွေ အဖြစ် ကျန်ရစ်တော့သည်။
သို့ပေမယ့်လည်း အချိန်တနှစ်တာ ကာလလေးမို့ ကြိတ်မှိတ် သည်းခံရမည်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရသည်။နွေဦးရာသီ အားကစားဝတ်စုံ ထုတ်ရအုံးမည်မို့ သူလည်း အဲလက်နောက်ကို လိုက္ မသွားနိုင် ပေ။
"နောက်တကြိမ် ပန်းတွေပွင့်တဲ့ အခါ အတူသွားကြည့်ချင်တယ် ကိုယ့် ချစ်သူလေးရေ"
လို့ တီးတိုးရေရွတ်နေမိသည်။"မေပယ်ရွက် တွေရှိတဲ့ တိုင်းပြည်မှာ မင်းအဆင်ပြေပါစေ"
လို့လည်း အမြဲဆုတောင်းပေးနေမိသည်။
အချိန်ကွာဟမှု၊အစားအသောက်အရသာ ကွာခြားမှု၊ဘာသာစကားအခက်အခဲ၊မရင်းနှီးတဲ့ မျက်နှာစိမ်းတွေကြား ရောက်ရောက်ချင်းတော့ အဆင်မပြေနိုင်တာကို သိနေပေမယ့်လို့ပေါ့လေ။"အတတ်နိုင်ဆုံးတော့ မင်းလေးကို အဆင်ပြေနေစေ့ချင်တယ်"လုပ်ငန်းလည်း မ စ ရသေးတာမို့ လီယိုတယောက် မနက်ဆိုလျှင်ပြေးစက်ပေါ်မှာပြေးသည်။ Gym ကစားသည်။ရေကူးသည်။ညဘက်တွေဆို အိမ်ထဲက ဘားမှာပဲ အက် နှင့် တွန်တို့ကို ဖိတ်ကာ အတူသောက်ကြသည်။အဲ့ဒီအချိန်တွေက လွဲလို့ ခြံထဲမှာ ငူငူငေါင်ငေါင်ကြီး ထိုင်လိုက်၊အိပ်ရာကြီးပေါ်မှာ ငေါင်လိုက်၊စာဖတ်စားပွဲမှာ ငေါင်လိုက်နှင့် ေြခာက်ကပ်နေလေသည်။
တခါတခါ ကားလျှောက္မောင်းနေရင်း အဲလက် အကလေ့ကျင့်ဖူးသည့် မြေကွက်လပ်လေးကိုပင် သွားပြီး ငေးကြည့်နေတတ်သည်။
ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ခဏလောက်အနားရတာနှင့် အဲလက်က လီယို့ကို Video Calls ခေါ်တတ်သည်။
လီယိုကတော့ အဲလက္ မအားလပ်ချိန်နှင့် တိုက်ဆိုင်နေမှာကို စိုးရိမ်သောကြောင့် ဘယ်တော့မှ စ မခေါ်တတ် အဲလက် ခေါ်မည့် အချိန်ကိုသာ အမြဲတမ်းစောင့်ဆိုင်းနေတတ်သည်။
YOU ARE READING
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...