part 23

2.4K 102 0
                                    

အပိုင်း(၂၃)
တခုခုက စေ့ဆော်လိုက်သလိုမျိုး အိပ်ပျော်နေရာမှ ဖျတ်ကနဲ နိုးလာတော့ နာရီကို ကပျာကယာ ကြည့်မိသည်။ပြီးတော့ မှန်ပြတင်းရဲ့ အပြင်ကို ကပျာကယာ ကြည့်မိပြန်သည်။
ည ၁:၅၅ မိနစ် ၊အပြင်မှာ မှောင်နေတုန်းပဲ။
တခုခုကို သိရလို ၊သိရငြား ဖုန်းစခရင် ကို ဖျတ်ကနဲ ကြည့်လိုက်၊သေချာ ကောက်ကြည့်လိုက် လုပ်မိနေတုန်း

"📞📞📞📞📞"

ရေငတ်နေတုန်း ရေတွင်းထဲ ကျ ဆိုသလိုမျိုး၊ဆိုင်မွန့် ဆီက ဖုန်း။

ညက သူ့ကိုသာ အန်တီပေါ့ နှင့် ဆိုင်မွန်က အတင်း အိပ်ဆေးနဲ့ နွားနို့ကို ရောတိုက်လိုက်ပြီး အိပ်ခိုင်းထားပေမယ့်
အန်တီပေါ့ရော ဆိုင်မွန်ပါ အခုထိ မအိပ်ရသေးတာကို သူသိသည်။

"ဟယ်လို ဆိုင်မွန် ပြော"

"အကိုလေး လီယို အခု ကျတော် အကိုလေး အဲလက် ကို ရှာတွေ့ပါပြီ"

"ဘယ်နေရာမှာလဲ ငါအခု လာခဲ့မယ်"

"အကိုလေး လီယို အခု အောက်ထပ်ကနေစောင့်နေလိုက်ပါ ကျတော့် ကောင်လေးကို အကြိုလွှတ်လိုက်ပါပြီ
ဒီအချိန်မှာ အကိုလေး လီယို ကားမမောင်းသင့်ဘူး ထင်လို့ပါ"

"ဒါနဲ့ အဲလက်ကရော ဘာဖြစ်နေတာလဲ?"

"အရမ်းမစိုးရိမ်ပါနဲ့ အသက်အန္တရာယ် မရှိပါဘူး အကိုလေး လီယို"

"အေးပါ ငါစောင့်နေမယ်"

အောက်ထပ်ကို ရောက်တော့ သူဧည့်ခန်းမီးကို ဖွင့်လိုက်သည်။အမှောင်ထဲမှာ တချိန်လုံး ထိုင်နေတဲ့ အန်တီပေါ့ ကို ဘွားကနဲ မြင်လိုက်ရသည်။

"ဟင် အန်တီပေါ့"

ဖုန်းကိုကိုင်ရင်း ငိုင်နေတဲ့ ပုံမို့ အန်တီပေါ့လည်း ဆိုင်မွန်နှင့် အမြဲအဆက်အသွယ်ရှိနေတာကို ခန့်မှန်းမိတာမို့
ဘာမှတော့ မမေးဖြစ်တော့
အသက်အန္တရာယ်မရှိပါဘူး ဆိုတဲ့ ဆိုင်မွန့်စကားကြောင့်ပဲ တဝက်လောက် ပျော်ရွှင်ပြီး အားရှိရသည်။

ဘာဖြစ်တာလဲ?

ဘယ်အခြေအနေရှိလဲ?

လက်တွေ၊ခြေတွေ အကောင်းပကတိရှိနေသေးလား?

ပန်းဥယာဉ်လို အချစ်(Complete)Opowieści tętniące życiem. Odkryj je teraz