part 34

1.9K 73 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၄)
အက်ဘယ်ဝါရင်း တယောက် ဖီးလစ်၏ IG account ကို ကြည့်ပြီး ပြုံးမိပြန်သည်။ "သူငယ်ချင်းများနှင့်" ဆိုပြီး
ဘားမှာ ကဲနေသည့် ပုံတချို့ ကို စတိုရီ မှာ တင်ထားသည်။ ခပ်ရိုးရိုး တီရှပ် တခြမ်းပြာ၊တခြမ်းဖြူ နှင့် ဂျင်းပြာ ဘောင်းဘီကို ဝတ်ထားတဲ့ ကြားက ဖီးလစ်ပုံစံက သူများတွေနှင့် လုံးဝကွဲထွက်ကာ မိုက်နေသည်။

"တကယ့် အမိုက်စား၊ အတောင့်စား ချောကလက်ကိတ်တုံးလေးပဲ " လို့လည်း တိုးတိုးလေး ရေရွတ်လိုက္မိသည်။

သူ့နံဘေး မှာ ထိုင်နေသည့် တွန်က သူ့ကို ကြည့်ကာ ရယ်နေသည်။လီယိုကတော့ မီနူးအသစ် ဖန်တီးဖို့ အသည်းအသန် ကြိုးစားနေသည့် မီးဖိုခန်းထဲက အဲလက်၏ နောက်ကျောပြင်လေးကိုပင် မှန်နံရံတွေကနေ တဆင့် ငေးမောနေသည်။

"ငါတယောက်တည်း အထီးကျန်တယ်ကွာ မင်းတို့ဟာကလည်း ငါ့လည်း အာရုံစိုက်ကြပါဦးကွ"

တွန့် အသံကြောင့် အက်နှင့် လီယိုက တွန့်ကို ပြန်ကြည့်ကာ ရယ်နေကြသည်။

နေရာကမူ လီယို၏ အိမ်က အရက်ဘားငယ်လေး၌ ဖြစ်သည်။

"လီယို ဒီကောင် အက် ဘယ်သူ့ကို လိုက်နေတာလဲ? မင်းသိလား? မင်းသိရင် အံ့ဩသွားမယ်ကွ"

တွန့်စကားကြောင့် လီယိုက စိတ်ဝင်စားသွားပေမယ့် အက် ကမူ ရှက်ရယ်ရယ်
‌နေသညျ။

"ဟေ့ရောင် အက် ငါပြောလိုက်ရမလား?"

"ပြောချင် ပြောပေါ့ ငါက ဘာကို ဂရုစိုက်ရမှာလဲ?"

"ဒီကောင် အခု စီးရီး ရိုက်နေတာ မင်းသိလား?"

လီယိုက ခေါင်းညိမ့်ပြသည်။

"သိတာပေါ့  အဲ့ဒါ ဘာဖြစ်လဲ?"

"ဘယ်သူနဲ့လဲ မင်းသိလား?"

"မသိဘူးလေကွာ  သိစရာလိုလို့လား?"

တွန်က အက် ကို လက်ညှိုးတထိုးထိုးနှင့်
ပြောနေရာမှ

"ဖီးလစ်နဲ့ကွ ဖီးလစ်နဲ့ ပြီးတော့ ဒီကောင် အခု လိုက်နေတာလဲ ဖီးလစ်ကိုပဲကွ ငါ့မှာ သူငယ်ချင်းလေး နှစ်ယောက် ရှိပါတယ် ငါ့ကိုထားခဲ့ကြပြီကွ ငါ လည်း အိမ်ကပေးစားတဲ့ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ယူတော့မယ်ကွာ"

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now