part 30

2.1K 75 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၀)
"အဲ့ဒီတော့ ကိုကြီးနဲ့ ကိုကြီးဆိုင်မွန်က ဘာမှ ပြန်မပြောလိုက်ဘူးလား?"

အဲလက္မှာ အထက်ထပ်ကိုတက်လိုက်၊အောက်ထပ်ကိုဆင်းလိုက်၊Line ဖွင့်ပြီး သတင်းတွေကို ဖတ်လိုက် လုပ်နေပေမယ့် ဘာသတင်းထူးမှ ထပ်တက္မလာခဲ့။

ညကတက်လာတာတွေ ထက်ပင် ပိုဆိုးလာပြီး "တချိန်က သူတို့ "ဆိုပြီး
အမှတ်တရ ပုံတွေတောင် ထပ်တက်လာတာတွေ့ရတော့ အဲလက် မှာသက်ပြင်းမောတွေ ခဏ၊ခဏ ချကာ တိတ်တဆိတ် လောင်မြိုက်နေရသည်။

အန်တီပေါ့ကပင် "သားလေး နေ့လည်စာ လာစားပါ၊ဖျော်ရည် လာသောက်ပါ ၊ဘာအချိုပွဲ စားမလဲ? အန်တီပေါ့နဲ့ ရုပ်ရှင်လာကြည့်ပါအုံးတို့၊သားကြိုက်တဲ့ တီဗီ အစီအစဉ် လာနေပြီ "ဆိုပြီးတော့ တချိန်လုံး လာပြီး အာရုံလွှဲ ဖို့ ကြိုးစားပေမယ့်
မအောင်မြင်ခဲ့။

အကြာကြီးစောင့်နေရပြီးတော့မှ
ကိုကြီးက ပြန်လာတော့သည်။ရောက်လာလာချင်း အဲလက်ကိုလည်း ဘာစကားမှ မပြောပဲနဲ့ တန်းပြီးရေချိုးခန်းထဲကို ဝင်ပြီး ရေချိုးနေသည်။

မျက်နှာလည်း သိပ်မကောင်းတာမို့ အဲလက် လည်း ဇွတ်မမေးတော့ပဲ အပြင်ကနေသာ ထိုင်စောင့်နေရတော့သည်။

ရေစိုနေတဲ့ ဆံပင် တွေကို ရေစင်အောင်မသုတ်ပဲနဲ့ ဒီအတိုင်းထွက်လာပြီး ထိုင်နေတဲ့ အဲလက်ရင်ခွင်ထဲကို ဝင်လာသည်။

အဲလက်လည်း သဘက္မွေးနုနုလေးတွေနှင့် ကိုကြီး ဆံပင်တွေကို သုတ်ပေးနေရင်း သိချင်တာတွေကို မမေးပဲ ငြိမ်နေပေမယ့် ကိုကြီးကတော့ အကုန်အစင်ပြောပြပါတော့သည်။

"ဖီးလစ်ရဲ့ မန်နေဂျာက ဖုန်းဆက်တယ်
ကိုယ်နဲ့ ဖီးလစ် လမ်းခွဲ ကာစအချိန်တုန်းက ဖီးလစ်က နာမည်ပိုကြီးလာပြီး အလုပ်တွေလည်းများလာပေမယ့် ကိုယ်နဲ့ လမ်းခွဲရတာကြောင့် စိတ်ကျရောဂါ ရသွားတာ အခုထိကို အထူးကုတွေနဲ့ကြိတ်ကုနေရတုန်းတဲ့ "

ဒီလိုစကားကို ကြားရတော့ ဖီးလစ်ရဲ့ ဖန်အကြီးစားဖြစ်ခဲ့ဖူးတဲ့ အဲလက်ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်မိတယ်။

ပန်းဥယာဉ်လို အချစ်(Complete)Wo Geschichten leben. Entdecke jetzt