part 31

1.9K 76 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၁)
ဘာလိုလိုနှင့်ဆောင်းဦးရာသီကိုရောက်လာပြန်ပါပြီ။
ကိုကြီးခြံထဲက တောအုပ်ငယ်လေးအတွင်းမှာ ဆောင်းဦးရာသီတွင်ပွင့်သော ပန်းကလေးများတို့လည်းပွင့်ကြပြီ။

ပြောရရင်.........
အဲ့သည်တောအုပ်ငယ်လေးဟာ
နွေဦးရာသီ၊နွေရာသီရောက်ပြန်ရင်လည်းနွေရာသီမှာ ပွင့်သည့်ပန်းတွေပွင့်လာတတ်ပြီး။
မိုးရာသီရောက်ပြန်လျှင်လည်း မိုးရာသီရဲ့ ပန်းတွေကို မြင်ရပြန်အုံးမည်။
ရာသီအလိုက်ပွင့်တတ်သည့်ပန်းကလေးများနှင့် စနစ်တကျ နေရာချကာ စီမံစိုက်ပျိုးထားတဲ့ တောအုပ်ငယ်လေးဖြစ်တာကြောင့် ၁၂ လ ရာသီလုံး ပန်းရနံ့တွေမွှေးပျံ့နေစေသည့်တောအုပ်ငယ်လေးဖြစ်သည်။

အခုတလော အဲလက်တယောက် စိတ်‌ေတွ လေလွင့်နေတာကြောင့် စိတ်ငြိမ်စေရန်အတွက် မီနူးအသစ်တွေ လုပ်ရန် လေ့လာရှာဖွေမှုတွေလုပ်လိုက်၊လက်တွေ့ စမ်းသပ်ချက်ပြုတ်မှုတွေ လုပ်လိုက်၊အရသာ မြည်းစမ်းလိုက်၊သူ့ဆိုင်က စားဖိုမှူးခေါင်းဆောင်နှင့် ဆွေးနွေးလိုက် လုပ်ကာ  အလုပ်ထဲ၌ပင် စိတ်ကိုနှစ်ပြီး အာရုံပြောင်း‌ေနလိုက်သည်။

အခုညလည်း လက်တော့ကိုပါ မီးဖိုခန်းထဲထိ ယူလာကာ လက်တွေ့စမ်းသပ်ချက်ပြုတ်မှု‌ေတွလုပ်နေသည်။အရသာမြည်းစမ်းတာတွေပါ လုပ်ပြီး တဲ့နောက်အရမ်းပင်ပန်းပြီးအိပ်ချင်လာတာကြောင့် တယောက်တည်း အစောကြီးအိပ်ရာဝင်လိုက်သည်။

ကိုကြီးကမူ ဆောင်းဦးရာသီ ဖက်ရှင်ပွဲတော် လုပ်ရန် စိတ်အကြံအစည်ရှိနေတာကြောင့် အလုပ်ခန်းထဲမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် သူ့စိတ်ကြိုက်ဖြစ်မယ့် အဝတ်အစ တွေ ရနိုင်မယ့် စက်ရုံတွေ လိုက်ရှာတာမျိုး ၊သူလိုချင်သည့် သဘာဝဆေးဆိုးသည့် အဝတ်စလိုချင်တာကြောင့် စက်ရုံပိုင်ရှင်တွေနှင့် ဆွေးနွေးတာမျိုးကို ကိုကြီးဆိုင်မွန်နှင့် အတူတကွ လုပ်နေတာမို့၊စက်ရုံတွေရှိရာသို့ ခရီးတွေလည်း ထွက်ရသည်။ ဖုန်းတွေလည်းဆက်ရသည်။Zoom နဲ့လည်း မီတင်ခေါ်နေကြသည်။
ဗီဒီယိုကော်လ် တွေနှင့်လည်း အလုပ်စကားပြောကြသည်။

ပန်းဥယာဉ်လို အချစ်(Complete)Opowieści tętniące życiem. Odkryj je teraz