part 33

1.9K 87 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၃)

ဒီနေ့ရိုက်ကူးရေးမှာ သရုပ်ဆောင် မင်းသား နှစ်ယောက်က ၁၈+ ခန်း ရိုက်ရမှာဖြစ်သည်။ဖီးလစ် မှန်ထဲက သူ့ ခန္ဓာကိုယ် ကို လှည့်ပတ် ကြည့်လိုက်သည်။ ဒီစီးရီး စရိုက်ကတည်းက ကောင်းကောင်းကြီး လေ့ကျင့်ထားခဲ့ရတာ ဖန်သားပြင်ပေါ်မှာ ကြည့်ကောင်းနေမှ ဖြစ်မယ်လေ။

"ဟေးဟေး ဒီလောက်ကြည့်ကောင်းနေတာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု‌ေလးထားစမ်းပါ ဖီးလစ်ရဲ့"

သူ့ကို မိတ်ကပ်ပြင်ပေးနေတဲ့ အလှပြင်ဆရာက သူ့ကိုကြည့်ပြီးအားပေးနေသည်။

ဖီးလစ် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ရယ်နေလိုက်သည်။အလှပြင်ဆရာက သူ့ကို အလှလာပြင်ပေးနေတုန်း သူနှင့်အတူ တွဲပြီး သရုပ်ဆောင်မည့် အက် ရောက်လာသည်။ဟုတ်ပါတယ် သူက လီယို့ သူငယ်ချင်း အက် ပါ။နာမည်အရင်း က အက်ဘယ် ဖြစ်ပြီး သရုပ်ဆောင်နာမည်ကလည်း "အက်ဘယ် ဝါရင်း" ပါပဲ။သူ့ပရိတ်သတ်တွေကတော့ ချစ်စနိုးနဲ့ အက် လို့ပဲ ခေါ်ကြတာပါ။

မော်ဒယ် ဘဝကနေ BL သရုပ်ဆောင် ဘက်ကို ကူးလာတာဖြစ်ပြီး ဖီးလစ်ကတော့ အစကတည်းက မော်ဒယ်လည်း လုပ်ခဲ့ ဖူးသလို၊သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးသည်။BL စီးရီးလည်း ရိုက်ခဲ့ဖူးသည်။

"ဟေး အချစ်လေး ကိုယ် အပြင်ခဏ သွားရင်း မင်းအတွက် မုန့်ဝယ်လာခဲ့တယ် ဒီမုန့်ကို မင်းကြိုက်တယ်လို့ ပြောသံကြားဖူးလို့"

ဖီးလစ် အလှပြင်နေရာမှ မုန့်ထုပ်ကိုလှမ်းယူလိုက်သည်။

"အမယ် အမယ် ရှင်တို့က မုန့်တွေတောင် ဝယ်ပြီး အပြန်အလှန်ကျွေးနေကြပြီပေါ့လေ ကျမအတွက်ရော မပါဘူးလား?"

အလှပြင်ဆရာ က ဝင်ပြီး အမွှေ၊အနှောက် ပြောနေတာဖြစ်သည်။

ဒီစီးရီးကို နှစ်ယောက်အတူ ရိုက်ရမယ် ဆိုကတည်းက တယောက်နှင့်တယောက် ရင်းနှီးစေရန် workshop တွေ ခဏ၊ခဏ လုပ်ထားရသည်။ဒါမှလည်း ရိုက်ကွင်းမှာ အဆင်ပြေနေမယ်မဟုတ်လား?"

ဒီနေ့အတွက် ပထမဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာ ဖြစ်သည်။
အက်က ဖီးလစ်လက်ကို ဆွဲကာ ပြေးလာသည်။အခန်းတံခါးဝကိုရောက်တဲ့အခါ မထိန်းချုပ်နိုင်တော့သလို နှစ်ယောက်သား နမ်းလိုက်ကြသည်။နမ်းနေရင်း ခန္ဓာကိုယ် တွေကိုပါ ပွတ်သပ်နေကြသည်။ပြီးတော့ နမ်းနေရင်းကပင် အရပ်ပိုရှည်သော အက် က အခန်းတံခါးကို ဖွင့်လိုက်သည်။နှစ်ယောက်သား နမ်းနေရင်း အခန်းထဲကို ရောက်သွားသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now